ရန်ကုန်မိုးပျံအမြန်လမ်းကို ၂၀၂၀ ဇူလိုင်ကစ၍ သုံးနှစ်အတွင်း အပြီးဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5820 Views

ရန်ကုန်မိုးပျံအမြန်လမ်းကို ၂၀၂၀ ဇူလိုင်ကစ၍ သုံးနှစ်အတွင်း အပြီးဆောက်မည်ဟုဆို

ရန်ကုန်မိုးပျံအမြန်လမ်း ကို ၂၀၂၀ ဇူလိုင်က စတင်၍ သုံး နှစ်အတွင်း အပြီးဆောက်လုပ် မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက မေလ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက Pre-Bid Conference (အကြိုလေလံ လုပ်ငန်းများအ တွက် အစည်းအဝေး)ကို Inter-national Finance Corporation -IFC (အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း)နှင့် လုပ်ငန်းလုပ်ကိုင်ရန် အရည်အချင်းပြည့်မီ သည့် ကုမ္ပဏီနှင့် မေလ ၂ ရက်က ပြုလုပ်ခဲ့သည်။

ထို့အပြင် တင်ဒါယှဉ်ပြိုင်လို သည့် ကုမ္ပဏီများသည် မေလ ၇ ရက်မှ ၉ ရက်အထိ ၀န်ကြီးဌာန၊ IFC တို့နှင့် သီးခြားစီတွေ့ဆုံရမည် ဟု ၀န်ကြီးဌာနကဆိုသည်။ ကုမ္ပဏီများသည် ဇွန်လတွင် အဆိုပါစီမံကိန်းအတွက် အဆိုပြုလွှာစတင်တင်သွင်းရမည် ဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းတစ်ခုလုံးတွင် ရန်ကုန်မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ် လမ်းဟူ၍ နှစ်ပိုင်းရှိပြီး မြို့တွင်း ပတ်လမ်းသည် စုစုပေါင်း ၅၄ ကီလိုမီတာနှင့် မြို့ပြင်ပတ်လမ်းမှာ ၁၂၄ ကီလိုမီတာဖြစ်သည်။ မြို့တွင်းပတ်လမ်းအတွင်း လမ်းကို အပိုင်း(က)နှင့်(ခ)ဟူ၍ နှစ်ပိုင်း ထပ်မံခွဲထားပြီး ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိ ပတ်လမ်းဖြစ်သည်။

အပိုင်း(က)တွင် ရန်ကုန်မြို့တွင်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိအပြင် ရန်ကုန်၊ မန္တလေး ချိတ်ဆက်မည့် ၁၅ ကီလို မီတာလမ်းပိုင်းပါ ပါဝင်သည်။ အပိုင်း(ခ)သည် ရန်ကုန်မြို့တွင်းမှ ရန်ကုန်အနောက်ဘက်ခြမ်းကို ပတ်၍ အပိုင်း(က)ကို မင်္ဂလာဒုံ စက်မှုဇုန်၌ ချိတ်ဆက်ရန်ဖြစ်သည်။

မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ် ဖြင့် အကောင်အထည်ဖော်ရန်ဖြစ် သည်။ ထိုသို့ အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက IFC ကို အကြံပေးအဖွဲ့ ငှားထားပြီး IFC က တင်ဒါရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အပိုင်းဆောင်ရွက်မည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က ပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service