ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့် မြေ ၅၂ ဒသမ ၈၃ ဧက စီမံခန့်ခွဲဆောင်ရွက်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
924 Views

ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့် မြေ ၅၂ ဒသမ ၈၃ ဧက စီမံခန့်ခွဲဆောင်ရွက်ပေးမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း ကြို့ကုန်းစိုက် ပျိုးရေးသုတေသန ဗိမာန်တည်ဆောက်ရန် သိမ်းယူခဲ့သည့်မြေများမှ အသုံးမပြုသည့်မြေ ၅၂ ဒသမ ၈၃ ဧကကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောဆိုခဲ့သည်။

စီမံခန့်ခွဲရမည်

"ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ဖို့ သိမ်းယူခဲ့တဲ့မြေတွေအနက် ဌာနကအသုံးပြုခဲ့တဲ့မြေ ၁ ဒသမ ၅၀၆ ဧက အတွက် မြေပိုင်ရှင်နှစ်ဦးကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဌာနက အသုံးမပြုတဲ့ မြေ ၅၂ ဒသမ ၈၃ ဧကနဲ့စပ်လျဉ်းပြီး မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာရင်းပြုစုပေးပို့ခဲ့ပြီးဖြစ်တဲ့အတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီရဲ့ မူဝါဒလမ်းညွှန်ချက်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်ပေးရမယ့် ကိစ္စဖြစ်ပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ဧပြီ ၂၉ ရက်က ကျင်းပရာ ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက မေးမြန်းရာ တွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ဖို့ စိုက်ပျိုးရေးဌာနက သိမ်းယူခဲ့တဲ့မြေတွေအနက် မရမ်းကုန်းမြို့နယ်အတွင်းမှ အသုံးမလိုတော့သဖြင့် ပြန်လည်စွန့်လွှတ်သောမြေပိုင်ရှင် ၉၂ ဦးရဲ့ စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးပို့ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိသဖြင့် ပိုင်ရှင်အများစုမှာ ပြန်လည်မရရှိသေးတဲ့ အတွက် ပိုင်ရှင်မည်မျှကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါသလဲ။ ကျန်ရှိ တဲ့ပိုင်ရှင်တွေကို ပြန်လည်ပေးအပ်မယ့် အစီအစဉ်ကိုသိလို၍ မေးမြန်း ခြင်းဖြစ်ပါတယ်"ဟု ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးရန်လင်းက လွှတ်တော်အတွင်းမေးမြန်းခဲ့သည်။

သိမ်းယူခဲ့

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် မြေပိုင်ရှင် ၉၂ ဦးပိုင်ဆိုင်သည့် မြေဧရိယာ ၅၄ ဒသမ ၃၃၆ ဧကကို ၁၉၅၃ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကြို့ကုန်းသုတေသန ဗိမာန်တည်ဆောက် ရန်အတွက်သိမ်းယူခဲ့ကြောင်း သိရသည်။ အဆိုပါသိမ်းယူခဲ့သည့် မြေဧရိယာ ၅၄ ဒသမ ၃၃၆ ဧကမှ အသုံးပြုသည့်မြေ ၁ ဒသမ ၅၀၆ ဧကဖြစ်ပြီး အသုံးမပြုသည့်မြေ ၅၂ ဒသမ ၈၃ ဧကရှိရာ အသုံးပြုသည့်မြေ ၁ ဒသမ ၅၀၆ ဧကပေါ် တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မျိုးစေ့ဌာနခွဲ၊ မျိုးစေ့အရည်အသွေး ထိန်း သိမ်းရေးဓာတ်ခွဲခန်း တည်ဆောက်အသုံးပြုခဲ့ကြောင်း သိရသည်။

လျော်ကြေးပေးပြီး

အဆိုပါအသုံးပြုခဲ့သည့် ၁ ဒသမ ၅၀၆ ဧကတွင် ဒေါ်မမကြီး + ၂ ပိုင်မြေ သုည ဒသမ ဝ၄၈ ဧကကို ၁၄–၅–၂၀ဝ၂ ရက်တွင် မြေပိုင် ရှင်၏ သဘောတူညီချက်အရ မြန်မာ့စိုက်ပျိုး ရေးလုပ်ငန်းမှ လျော် ကြေးပေးပြီးဖြစ်ကာ ဦးချစ်ဦး (ဦးပန်း၏သား) ပိုင်မြေ ၁ ဒသမ ၅၄၈ ဧကကို စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ကောလိတ္တော်အရာရှိထံသို့ ၁၄–၁၂–၂၀၁၈ ရက်တွင် လျော်ကြေးပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service