မရမ်းကုန်း မီးဘေးသင့်ပြည်သူများအတွက် ၂၀၂၀ ဇွန်လတွင် အသင့်နေတိုက်ခန်းသစ်များ ပေးအပ်မည် - Property News in Myanmar from iMyanmarHouse.com
642 Views

မရမ်းကုန်း မီးဘေးသင့်ပြည်သူများအတွက် ၂၀၂၀ ဇွန်လတွင် အသင့်နေတိုက်ခန်းသစ်များ ပေးအပ်မည်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် ဇေယျာခေမာလမ်းသွယ် (၅) ၌ဆောင် ရွက်သော သုခိတာတန်ဖိုးနည်း အိမ်ရာစီမံကိန်းကို လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးတည်ဆောက်ကာ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအား ၂၀၂၀ ခုနှစ် ဇွန်လတွင် နေအိမ်များ ပြန်လည်နေရာချပေးသွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

ဆောက်လုပ်ပြီးစီး

လက်ရှိတွင် တည်ဆောက်နေသော အဆောက်အအုံများသည် ပုံမှန်လိုအပ်ချက်အတိုင်း လျှပ်စစ်မီးများ၊ အဝီစိရေများရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ စီမံကိန်းအတွင်းရှိ အဆောက်အအုံသုံးလုံးမှာ လက်ရှိတွင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အချောသပ်လုပ်ငန်းများသာ ဆောင်ရွက်ရန်သာ ကျန် ရှိတော့ကြောင်း၊ အဆောက်အအုံနှစ်လုံးဆောက် လုပ်နေမှုမှာလည်း စတုတ္ထထပ်သို့ရောက်ရှိနေပြီဖြစ် ပြီး ကျန်အဆောက်အအုံနှစ်လုံးကိုလည်း ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သုခိတာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

"မီးဘေးကြောင့် နေဖို့အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို အိမ်ရာဖော်ဆောင်ပေးချင်လို့ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပြီး YCDC ကို ကမ်းလှမ်းပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ဖြစ်တာပါ၊ နေအိမ်တွေ ဆောင်ရွက်ပြီးစီးပြီဆိုရင်တော့ YCDC ကို လွှဲပြောင်း ပေးအပ်မှာပါ။ အဲဒီကနေတစ်ဆင့် ပြည်သူတွေကို ပေးအပ်သွားမှာပေါ့။ ပြည်သူတွေ လက်လှမ်းမီဝယ်ယူ နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်ထိခိုက်ခဲ့ရတဲ့ နေအိမ်တွေရှိလာပြီဆိုရင်လည်း မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာ"ဟု သုခိတာတန်ဖိုးနည်း အိမ်ရာစီမံကိန်းလုပ်ငန်းခွင်ရှိ ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နေလင်းထွန်းက ပြောဆိုသည်။

အခန်း ၉၀ ပြီးစီး

သုခိတာတန်ဖိုးနည်းအိမ်ရာတွင် အဆောက်အအုံခုနစ်လုံးပါဝင်ပြီး လူနေ အိမ်ခန်းစုစုပေါင်း အခန်း ၉၀ ဆောက်လုပ်ပြီးထိုအထဲတွင် မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအား ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း အမှတ် (၆)ရပ်ကွက် ဆယ်အိမ်မှူး ဦးတင်လှက ပြောဆိုသည်။ ယခင်မူလမြေနေရာ ဖြစ်သော ခန့်မှန်းစတုရန်းပေ ၂၉၀ဝ၀ (သုည ဒသမ ၆ ဧက) ပေါ်တွင် ဆောက် လုပ်နေခြင်းဖြစ်ပြီး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service