မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
620 Views

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူမည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော် မည့် နယ်စပ်စီးပွားရေးဇုန် စီမံကိန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ အမြန်ဆုံး ခေါ်ယူရန် စီစဉ်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စီစဉ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသဖြစ်သော မူဆယ်တွင် စီးပွားရေးဇုန် စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ရန် စီစဉ်နေပြီး မေလကုန်ပိုင်း ညှိနှိုင်းအစည်းအဝေးပြီးလျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

‘‘ နိုင်ငံတကာ တင်ဒါမခေါ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်တွေကို ပဲ ခေါ်သွားဖို့ စီစဉ်ထားပါတယ်’’ ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေ ချင်းရွှေဟော်တွင် စီးပွားရေးဇုန်များ တည်ထောင်ရန် စီစဉ်ထားသည်။

နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

မြန်မာ - တရုတ်နယ်စပ် စီးပွားရေးဇုန်များ ကုန်သွယ်ရေး နှင့် ပတ်သက်၍ လွတ်လပ်စွာလုပ်ကိုင်ခွင့်များလည်း ပါဝင်သည်။ ထို့အပြင် ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ကုန်ထုတ် လုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရောင်းချခွင့်၊ စက်မှုဇုန်များလည်း ပါဝင်သည်။

ထို့အပြင် စီးပွားရေးဇုန်များ အကောင်အထည်ပေါ်လာလျှင် ပြီးခဲ့သည့်နှစ်များက ကြုံတွေ့ရသည့် တရုတ်နိုင်ငံအတွင်း မြန်မာ နိုင်ငံမှ ကန်သည်များ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုများ ရှိနိုင်မည်မဟုတ်တော့ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service