ပခုက္ကူဆိပ်ကမ်းအသစ်ကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2077 Views

ပခုက္ကူဆိပ်ကမ်းအသစ်ကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် တည်ဆောက်မည်

ပခုက္ကူဆိပ်ကမ်းအသစ်ကို နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းအဖြစ် ဒေါ်လာ ၂၅ သန်း ခန့်အကုန်ကျခံ၍ တည်ဆောက် မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီးဦးကျော်မျိုးက ပြောသည်။

ပြည်တွင်း ဆိပ်ကမ်းနေရာ တစ်ခုရွေးချယ်ရာတွင် မြစ်ချောင်း များရေလမ်းကြောင်း ကောင်းမွန် ရန်လိုအပ်၍ ဧရာဝတီမြစ်ရေ နည်းချိန်နှင့် ရေများချိန်၌ တိုင်း တာရေးလုပ်ငန်းများကို ဒေသအ လိုက် နှစ်စဉ်ဆောင်ရွက်ခဲ့ ကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် ပခုက္ကူဆိပ်ကမ်း အသစ်ကို ရေလမ်းကြောင်း ကောင်းမွန်ပြီး ဆိပ်ကမ်းနေရာ ထပ်မံပြောင်းရွှေ့ရန် မလိုသည့် ပခုက္ကူမြို့ အရှေ့ဘက်အေးကျွန်း ပေါ်တွင်တည်ဆောက်ရန် ရွေး ချယ်ထားကြောင်း ဦးကျော်မျိုး ကဆိုသည်။

ဧပြီ ၂၉ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၉) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမြမင်း ဆွေက နိုင်ငံတော်၏ အဓိကပြည် တွင်း ဆိပ်ကမ်းများတွင် တစ်ခုအပါအ၀င်းဖြစ်သော ပခုက္ကူဆိပ် ကမ်းကိုခေတ်မီဆိပ်ကမ်းတစ်ခု ဖြစ်လာအောင်အဆင့်မြှင့်ပြုပြင် ပေးရန်ရှိ၊ မရှိမေးမြန်းစဉ် ၀န်ကြီး က ပြန်လည်ဖြေကြားခြင်း ဖြစ် သည်။

ပခုက္ကူဆိပ်ကမ်းအသစ်ကို အလျားမီတာ ၁၈၀ ရှိသော ကွန်ကရစ်ဆိပ်ခံတံတားနှင့် (Pontoon Type) ဆိပ်ခံအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ဦးကျော်မျိုးကရှင်းပြသည်။

ထိုသို့တည်ဆောက်ရာတွင် အေးကျွန်း၏ အမြင့်ဆုံးရေမြင့် မှတ်ထက်ကင်းလွတ်အမြင့်ရရှိ ရေးဆိပ်ကမ်းနေရာမြေဖို့ခြင်း၊ ကမ်းပါးများကို ကျောက်စီမြေ ထိန်းနံရံများဖြင့် ထိန်းသိမ်းခြင်း၊ ကုန်ပစ္စည်းသယ်ယူရန် အသုံးပြုမည့် ချဉ်းကပ်လမ်းများတည် ဆောက်ခြင်းနှင့် အခြေခံအ ဆောက်အအုံတို့ပါဝင်သည်။

လက်ရှိအသုံးပြုနေသည့် ပခုက္ကူဆိပ်ကမ်း နေရာသည် မြစ်၏ အတွင်းလမ်းကြောင်း၌ ကျရောက်နေခြင်းနှင့် ရေယာဉ် များရေစုန်ဘက်ကသာ ၀င်ထွက် ဆိုက်ကပ်နိုင်ခြင်းကြောင့် ဆိပ် ကမ်းနေရာအသစ် တည်ဆောက် ရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဦးကျော်မျိုးက ရှင်းပြသည်။

ထိုသို့တည်ဆောက်ရန်နိုင်ငံ တကာဖွံ့ဖြိုးမှုအကူအညီရရှိရေး (သို့မဟုတ်) PPP စနစ်ဖြင့် ပြည် တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖိတ် ခေါ်ရေး ပခုက္ကူဆိပ်ကမ်းအ သစ်စီမံကိန်းကို Project Bank တွင် ထည့်သွင်းနိုင်ရန် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီးဌာနသို့အဆို ပြုတင်ပြထားကြောင်း ၎င်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service