မူဆယ်တွင် လေဆိပ်သစ် ဆောက်လုပ်ရန် တင်ဒါခေါ်မည် - Property News in Myanmar from iMyanmarHouse.com
1708 Views

မူဆယ်တွင် လေဆိပ်သစ် ဆောက်လုပ်ရန် တင်ဒါခေါ်မည်

တရုတ်−မြန်မာ နှစ်နိုင်ငံကြား အဓိကကုန်စည်ဖလှယ်ရာမြို့ဖြစ်သည့် မူဆယ်မြို့တွင် လေဆိပ်သစ်တစ်ခု ဆောက်လုပ်ရန် ယခုနှစ်အတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

မူဆယ်လေဆိပ်သစ် စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန် အများပိုင်စနစ် (PPP) ဖြင့် ခေါ်ယူသွားမည် ဖြစ်သည်။ မူဆယ်လေဆိပ်သစ် ဆောက်လုပ်မည့် အရွယ်အစားနှင့် ဝန်ဆောင်မှုပေးနိုင်မည့် ခရီးသည်အရေအတွက်ကို သတ်မှတ်ထားခြင်းမရှိသေးဘဲ ပြည်တွင်းလေယာဉ်ကွင်းအနေဖြင့်သာ စတင်ဖောက်လုပ်ရန် စီစဉ်ထားသည် ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

''လက်ရှိမှာ ဝန်ကြီးရုံးကို တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ တင်ဒါကြေညာမယ်။ ဒီနှစ်ထဲတော့ဖြစ်မယ်။ကနဦးအနေနဲ့ ဒေသတွင်း လေယာဉ်ကွင်းအနေနဲ့ပဲ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်။ မြေနေရာရရှိမှုပေါ်မှာ မူတည်ပါတယ်''ဟု ဦးရဲထွဋ်အောင်က ဆိုသည်။မူဆယ်လေယာဉ်ကွင်းအသစ် စီမံကိန်းအတွက် လုပ်ငန်းစိတ်ဝင်စားကြောင်း အဆိုပြုလျှောက်လွှာကို ၂ဝ၁၇ ခုနှစ်တွင် စတင်ခေါ်ယူခဲ့ပြီး လက်ရှိတွင် အရွေး ခံထားရသည့် ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုရှိထားသည်။

''မူဆယ်နဲ့ ရန်ကုန်က အသွားအပြန် အမြဲလိုလိုရှိတယ်။ တကယ်လို့ လေဆိပ်ရှိလာရင် သွားလာလွယ်ကူမှုပိုကောင်းလာမယ်။ တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ သူတွေအတွက် ပိုပြီးအဆင်ပြေသွားမယ်။ ခရီးသွား လုပ်ငန်းအတွက်လည်း ပိုကောင်းမယ်''ဟု မူဆယ်မြို့ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချမ်း သာဦးက ပြောသည်။

မူဆယ်မြိုသို့သွားရောက်ရန် လားရှိုးမြို့မှ ငါးနာရီခန့် ထပ်မံသွားရသဖြင့် ရန်ကုန်မြို့နှင့် မူဆယ်မြို့အကြားတိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုအထောက်အကူဖြစ်နိုင် မည်ဖြစ်ကြောင်း မူဆယ်မြို့ရှိ ကုန်သည်များကပြောသည်။

မူဆယ်မြို့သည် တရုတ်−မြန်မာ နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်မှုပြုလုပ်သည့်နေရာဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားဧည့်သည်များကို ဝင်ရောက်ခွင့်ပြုရန် ညှိနှိုင်းမှုများလည်းရှိထားသည်။

''လက်ရှိမှာ တရုတ်တွေက နယ်စပ်ဖြတ်ကျော်ခရီးစဉ်တွေ စိတ်ဝင်စားနေတာ။ မူဆယ်လေဆိပ်ဖြစ်လာခဲ့ရင် အဲဒီကနေ မန္တလေးဘက်ကို ခရီးစဉ်တွေ ဆွဲလို့ရမယ်။ လေဆိပ်ဖြစ်လာရင်တော့ ခရီးသွားလုပ်ငန်းအတွက်ပိုအဆင်ပြေတယ်''ဟု ခရီးသွားလုပ်ငန်းရှင် ဦးတိုးအောင် က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် ၃၁ ခုနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုရှိပြီး ပျံသန်းပြေးဆွဲလေယာဉ်များ ဆင်းသက်သည့် လေဆိပ် ၂၄ ခုသာ ရှိသေးကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ခရီးသည် ဝင်ထွက်မှုများပြားသည့် ပြည်တွင်းလေဆိပ်များဖြစ်သည့်မြစ်ကြီးနား၊ ဟဲဟိုး၊ သံတွဲ၊ လွိုင်ကော်နှင့် ညောင်ဦးလေဆိပ်များအပါအဝင် လေဆိပ် ၁ဝ ခု၏ လေဆိပ်အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ယခုနှစ်အတွင်း မြောက်ဦးလေဆိပ်အသစ် ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူရန် စီစဉ်ထားသော်လည်း မြောက်ဦးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိတွင် ဖော်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service