ရန်ကုန်မိုးပျံမြို့ပတ်ရထား ပါရမီလမ်းကြောင်းအတိုင်း စတင်ပြေးဆွဲရန် လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
3045 Views

ရန်ကုန်မိုးပျံမြို့ပတ်ရထား ပါရမီလမ်းကြောင်းအတိုင်း စတင်ပြေးဆွဲရန် လုပ်ဆောင်နေ

ရန်ကုန်မိုးပျံမြို့ပတ်ရထားစီမံကိန်းကို ပါရမီလမ်းကြောင်းအတိုင်း ၂၀၂၁ ခုနှစ်တွင် စတင်ရန် လုပ်ဆောင်နေသည်ဟု ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ဧပြီ ၂၇ ရက်၌ မြန်မာတိုင်းမ်နေ့စဉ် သို့ပြောဆိုသည်။

ယင်းမိုးပျံရထား စီမံကိန်းကို ဂျိုက်ကာ နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ရာ ရန်ကုန် - အရှေ့အနောက်သို့ ပါရမီ လမ်းကြောင်းအတိုင်း စတင်ပြေးဆွဲနိုင်ရန် ဆောင်ရွက်ပြီး နောက် ရန်ကုန်တောင်- မြောက် အပိုင်း နှင့် ဒလ ဘက်သို့လည်းကောင်း ထိုမှ တစ်ဆင့် ရန်ကုန်မြို့ တွင်း မြို့ပတ်လည်ကို ၂၀၃၅ ခုနှစ် ၌ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။

" ဘဏ္ဍာရေး သုံးစွဲမှုကတော့ ဘယ်လောက်သုံးမယ်ဆိုတာ မသိရသေးပါဘူး ။ ဘာလို့လဲ ဆိုတော့ မိုးပျံရထားလုပ်တဲ့အခါမှာ မြေလိုအပ်တယ်လေ ။အခု မြေသိမ်းဥပဒေကလည်း အခက်အခဲ နည်းနည်းဖြစ်နေတဲ့အတွက် မြေသိမ်းတာ တွေအားလုံးပြီးမှ ဘဏ္ဍာရေးကို ဘယ်လောက်သုံးမယ် ဆိုတာ ထွက်လာမှာပါ ။ အဓိက အခက်အခဲက မြေသိမ်းဥပဒေပါပဲ ။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ မှာ မြေသိမ်း မှုတွေ အပြီးလုပ်ဆောင်မယ်။ ၂၀၂၁ ခုနှစ်မှာ စီမံကိန်း စတင်ပါမယ် ။နိုင်ငံတော်က လိုအပ်ရင် လိုအပ်သလို မြေသိမ်းရမှာပေါ့ " ဟု ၎င်းကပြောဆိုသည်။

ထို့အပြင် စံမံကိန်းနှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို ထပ်မံတွေ့ဆုံပြီး ဆွေးနွေးတင်ပြသွားမည်ဟုလည်း သိရသည်။

" ဒီစီမံကိန်းက မြို့နယ်ပေါင်းစုံပါဝင်တဲ့အတွက်ကြောင့် ကိုယ်စားလှယ်တွေကို ဧပြီ ၂၉ ရက်မှာ ထပ်မံ ပြီးရှင်းပြအုံးမှာပါ ။ မြေသိမ်းတဲ့အခါမှာ လျော်ကြေးတွေ ဘယ်လိုပေးသွားမယ်ဆိုတာလဲ လုပ်ဆောင်သွားမှာပါ ။ မြန်မာ့မီးရထားလည်း ပါတယ် ဂျိုက်ကာလည်း ပါတယ်ဆိုတော့ ဒီအဖွဲ့နဲ့ပဲ အလုပ် ဖြစ်မယ်ထင်ပါတယ်" ဟု ဦးကျော်ဖေယျက သုံးသပ်ပြောဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service