သိမ်းဆည်းခံလယ်မြေများလျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုင်းအစိုးရက မြေရောင်းမည် - Property News in Myanmar from iMyanmarHouse.com
592 Views

သိမ်းဆည်းခံလယ်မြေများလျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုင်းအစိုးရက မြေရောင်းမည်

သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးပေးရန် စီးပွားရေးလုပ်ငန်းရှင်များကို မြေရောင်းချမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

သိမ်းဆည်းခံလယ်မြေများ အတွက် လယ်သမားများကိုလျော် ကြေးကျပ် ဘီလီယံ ၄၀ ခန့်ပေး ရန် ရှိနေ၍ မြေရောင်းချရ ခြင်းဖြစ်ကြောင်း ဧပြီ ၂၇ ရက် တွင် ပြုလုပ်သော ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ၀န်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်ကို မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဗဟိုဌာနအဖြစ် အကောင်အထည်ဖော်လိုနေသော ၀န်ကြီးချုပ်ကသိမ်းဆည်းခံလယ် မြေများရောင်းချရေးနှင့် ပတ် သက်၍ ‘‘ တိုင်းဒေသကြီးမှာ ကော် မတီတစ်ရပ်ကို ဖွဲ့ထားပါတယ်။ မကြာခင်မှာပဲထုတ်ရောင်းသွား ဖို့ဒီကော်မတီက ကြေညာသွား မှာပါ’’ ဟု စီးပွားရေးလုပ်ငန်းရှင် အချို့အား ရှင်းပြသည်။

သို့သော်မြေလိုအပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်သူ များဖြစ်ရန်လိုအပ်ကြောင်း ၀န်ကြီးချုပ်က ကြိုတင်သတိပေး သည်။ တိုင်းအစိုးရက ရောင်းချမည့် မြေကို ရယူပြီးမြေကစားမှုများပြုလုပ်မည်ဆိုပါက ခွင့်ပြုမည်မဟုတ်ကြောင်း ပြောသည်။

‘‘ဒီမြေတွေကို ၀ယ်မယ်ဆို ရင်ကန့်သက်ချက်တွေတော့ရှိပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကတွေ့ ဆုံဆွေးနွေးပွဲတက်ရောက်လာ သည့် စီးပွားရေးလုပ်ငန်းရှင်များ အား ပြောသည်။

လယ်မြေများကို ရောင်းချပေးကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက် ရန်တိုင်းအစိုးရက ရည်ရွယ်ထားသည်။ ထို့ကြောင့် နိုင်ငံစီးပွား ရေးအကျပ်အတည်းဖြစ်နိုင်သည့် မြေယူပြီးအဆင့်ဆင့်လက်လွှဲ ရောင်းချမှုကို ခွင့်မပြုဟု စီးပွားရေးလုပ်ငန်းရှင်များကို ၀န်ကြီးချုပ်ကပြောသည်။

ရန်ကုန်၌ အိမ်ခန်းလို အပ်ချက် တစ်နှစ်လျှင် တစ်သိန်း ခန့်ရှိနေပြီး အစိုးရရောင်းချ ပေးမည့် မြေတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများဖော်ဆောင်နိုင်မည်ဆိုပါက ၀မ်းသာ စရာဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာဦးသန်းဦးကပြောသည်။

သို့သော်လုပ်ငန်းရှင်များ လက်ထဲသို့ တန်ဖိုးနည်းနည်းဖြင့် မြေများရောက်ရှိပြီး ပြည်သူများ က တန်ဖိုးကြီးကြီးဖြင့် ပြန်လည် ၀ယ်ယူရမည့်အခြေအနေမျိုးဖြစ်လာမည်ကိုလည်း ဦးသန်းဦးက စိုးရိမ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service