အကြွေးဝယ်ကတ်များအတွက် အမြင့်ဆုံးအတိုးနှုန်း ဗဟိုဘဏ်သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1228 Views

အကြွေးဝယ်ကတ်များအတွက် အမြင့်ဆုံးအတိုးနှုန်း ဗဟိုဘဏ်သတ်မှတ်

ဘဏ်များက ခရက်ဒစ်ကတ် (အကြွေး ဝယ်ကတ်) ဝန်ဆောင်မှုပေးနေသော ချေးငွေပမာဏအပေါ် ကောက်ခံသည့် အမြင့်ဆုံးအတိုးနှုန်းကို တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။

ယခင်က ခရက်ဒစ်ကတ်ဝန်ဆောင်မှုအတွက် တစ်နှစ်အတိုးနှုန်းကို သတ်မှတ်ခဲ့ခြင်းမရှိသည့်အတွက် ပုဂ္ဂလိကဘဏ်တစ်ခု နှင့်တစ်ခု အတိုးနှုန်းထားတူညီခြင်းမရှိဘဲ ၂၀ မှ ၂၆ ရာခိုင်နှုန်းအထိ အသီးသီး ကောက်ခံကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။

ယခုကဲ့သို့ ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ထုတ်ပြန်ပေးမှုကို ဘဏ်လုပ်ငန်းရှင်များက ထောက်ခံကြိုဆိုကြပြီး ထိုသို့ သတ်မှတ်ပေးခြင်းဖြင့် အသုံးပြုသူများအတွက်လည်း အတိုးနှုန်းလျော့ကျသွားစေခြင်းကြောင့် အကျိုးရှိကြောင်း ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ခံပြောကြားသည်။

“ဒီလိုသတ်မှတ်လိုက်တာ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ၁၈၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ကြတာပဲ” ဟု CB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောဆိုသည်။

ခရက်ဒစ်ကတ်အတွင်းရှိ ငွေများကို အသုံးပြုပြီး ၄၅ ရက်အတွင်း ပြန်လည်ဖြည့်တင်းမည်ဆိုပါက အတိုးပေးရန်မလိုဘဲ နှစ်စဉ်ကြေးသာ ဖြည့်သွင်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“အရင်က ၂၄ ရာခိုင်နှုန်းပါ။ (အတိုးနှုန်းက) မများဘူး။ တခြားနိုင်ငံတွေမှာလည်း အတူတူပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုပြောကြားသည်။

လတ်တလော ခရက်ဒစ်ကတ်ဖြင့် ဈေးဝယ်စင်တာများ၌ ပစ္စည်းဝယ်ယူရာတွင် ငွေပေးချေခြင်း၊ ငွေထုတ်ခြင်းများကို အသုံးပြုနိုင်ကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။

“ ခရက်ဒစ်ကတ်သုံးရတာ စင်တာတွေမှာ ပစ္စည်းဝယ်တာ တော်တော်အသုံးဝင်တယ်။ နေရာတော်တော်များများမှာလည်း သုံးလို့ရလာတော့ ပိုကောင်းလာတာပေါ့။ ငွေသားချည်းပဲထုတ်ရင်တော့ အတိုးပေးရတာ များတယ်။ ပစ္စည်းဝင်ရင် တစ်လမှ ၂ ရာခိုင်နှုန်းပဲ ကောက်တယ်။ ငွေထုတ်ရင်တော့ တစ်ခါထုတ်ရင် ၂ ရာခိုင်နှုန်းလောက်ဖြတ်တယ်။ ပြီးတော့ ငွေစစ်ရင်လည်း ဖြတ်တယ်”ဟု CB ဘဏ် ခရက်ဒစ်ကတ် အသုံးပြုနေသူတစ်ဦးက ပြောဆိုသည်။

ခရက်ဒစ်ကတ်များကို ဘဏ်များက Platinum ကတ်၊ Silver နှင့် Gold ကတ်ဟူ၍ သုံးမျိုးထုတ်လုပ်ပေးပြီး ဝင်ငွေရရှိမှုအပေါ်မူတည်၍ ရွေးချယ်အသုံးပြုနိုင်ကာ ဝင်ငွေ၏နှစ်ဆကို ခရက်ဒစ်ကတ်အတွင်း ဘဏ်များက ထည့်သွင်းပေးကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။

“စစလုပ်တုန်းက ကိုယ်တင်တဲ့ Amount (ပမာဏ) ရဲ့ နှစ်ဆကို ဘဏ်တွေက သွင်းပေးတယ်။ နောက်ပိုင်းတော့ ပြန်မသွင်းတဲ့သူတွေများလို့ နှစ်ဆမထည့်ပေးတော့ဘဲ တင်သလောက်ပဲပေးတယ်။ ဥပမာ - ကိုယ်က လေးသိန်းလို့တင်ရင် လေးသိန်းပဲပေးတယ်။ တချို့ဆို ကိုယ်တင်တဲ့ပမာဏထက် နည်းရတာမျိုးတွေတောင်ရှိတယ်”ဟု ခရက်ဒစ်ကတ် အသုံးပြုနေသူတစ်ဦးက ပြောဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service