အိုးအိမ်အောက်ရှိ မြို့ပြမြေပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရထံ လွှဲပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
5472 Views

အိုးအိမ်အောက်ရှိ မြို့ပြမြေပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရထံ လွှဲပြောင်းမည်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများကို ယခုနှစ်ကုန် နောက်ဆုံးထား၍ တိုင်းအစိုးရထံ အားလုံးလွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အထက်ပါ ဌာနလက်ရှိ စီမံခန့်ခွဲနေသည့် ကိစ္စရပ်များအားလုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းရန်စီမံခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောသည်။

လက်ရှိ၌ တိုင်းအစိုးရစီမံခန့်ခွဲမှု မရှိခြင်းကြောင့် ၀န်ကြီးက အိမ်ရာအရောင်းနှင့် အငှားများ တွင် စီမံခန့်ခွဲမှု အားနည်းချက် များ၊ အခြေခံ အဆောက်အအုံ ပြတ်လပ်မှုများ၊ အငြင်းပွားမှုများ စသည်တို့ရှိနေပြီး မြို့ပြဥပဓိရုပ်အားကောင်းမှု ကျဆင်းနေသည် ဟု ဆိုသည်။

၁၉၈၈ နောက်ပိုင်း တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာ နှင့် အိမ်ရာအချို့ကို ၂၀၁၇ မတ်လ ၈ ရက်၌ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

‘‘ လွှဲပြောင်းပေးရမှာ ရန်ကုန် မြို့ မြေရဲ့ ၅ ရာခိုင်နှုန်းရှိပါတယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အိမ်ရာများ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းနိုင်ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်းမွန်စေရန် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေသည်ဟု ၀န်ကြီးက ပြောသည်။ထိုဥပဒေကို Apartment Law အဖြစ် ဥပဒေကြမ်းပြုစုရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး သုတေသနပြုနေကြောင်း ၎င်း ကဆက်လက်ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service