အမေရိကန် ကုမ္ပဏီ ၁၂ ခုနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ဧပြီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
893 Views

အမေရိကန် ကုမ္ပဏီ ၁၂ ခုနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ဧပြီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

အမေရိကန် ရေနံကုမ္ပဏီအပါအ၀င် ကုန်စည်ပို့ဆောင် ရေး ၀န်ဆောင်မှု ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လာရောက်ဆွေးနွေးမည် ဖြစ်သည်။

Chevron ရေနံကုမ္ပဏီ၊ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင် မှု ကုမ္ပဏီ Fedex ၊ ရေဆိုးသန့် စင်လုပ်ငန်းနှင့် ရေလုပ်ငန်းကုမ္ပဏီ၊ ရာသီဥတု သတင်းအချက်အလက် ဖြန့်ဝေပေးသည့် ကုမ္ပ ဏီများအပါအ၀င် ကုမ္ပဏီ ၁၂ ခု ဧပြီ ၂၉ ရက်တွင် မြန်မာနိုင်ငံ သို့ လာရောက်မည်ဖြစ်သည်။

အမေရိကန် ကုန်သည်အသင်းချုပ် အပါအ၀င် အဆိုပါကုမ္ပဏီ ၁၂ ခုနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်၍ ဧပြီ ၃၀ ရက်တွင် မြန်မာနိုင်ငံကုန်သည်၊ စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်မည် ဖြစ်သည်။

‘‘သံအမတ်ကြီး ကိုယ်တိုင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တွေနဲ့တွေ့ဖို့ တောင်းဆိုထားပါ တယ်’’ဟု မြန်မာနိုင်ငံကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

အမေရိကန် ကုမ္ပဏီများ လာရောက်ခြင်းသည် နိုင်ငံရေးအရ မြန်မာနိုင်ငံကို ပစ်ပယ်မထား ကြောင်း ပြသခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ကုမ္ပဏီများက မြန်မာနိုင်ငံ သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသကဲ့သို့ လာမည့်ဇွန် လ၌ ၀ါရှင်တန်ဒီစီတွင် ပြုလုပ်မည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ စီးပွား ရေး လုပ်ငန်းရှင်များကို အမေရိကန်သံအမတ်ကြီးက ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အားနည်းချက်များရှိနေသော ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်သံအမတ်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီဒုတိယပတ်က နှစ်ကြိမ် ဆွေးနွေးခဲ့သည်။ ငွေကြေးကဏ္ဍအပါအ၀င် အခြားရင်းနှီးမြှုပ်နှံမှုများကို အ မေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆောင်ရွက်လိုကြောင်း ကို ဖေဖော်ဝါရီ ၁၄ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းဝင်များအား အမေရိကန် သံအမတ်ကြီးက လာရောက်ရှင်းပြခဲ့သည်။

GE, Pepsi, Coca Cola, KFC စသော ကုမ္ပဏီများအပါအ၀င် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံထားသည့် အမေရိကန် ကုမ္ပဏီ စုစုပေါင်း ၂၀ ၊ ဒေါ်လာသန်း ၄၃၀ ကျော် ရှိသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service