တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော် - Property News in Myanmar from iMyanmarHouse.com
2457 Views

တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်

ယခုခေတ် လူသားတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ဒါကြောင့်လည်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ နည်းမျိုးစုံ ကြံဆလာကြပါတယ်။

အခုလည်း တရုတ်နိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို တနည်းတဖုံ ခံနိုင်ရည်ရှိအောင် “သစ်တောမြို့တော်”လို့ အမည်ပေးထားတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။ တရုတ်နိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း “သစ်တောမြို့တော်” စီမံကိန်းကို အကောင်အထည်ဖော် ဆောက်လုပ်နေပါတယ်။

တရုတ်နိုင်ငံကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကို ဆောက်လုပ်နေပြီး ဒီ သစ်တောမြို့တော်ကိုတော့ သစ်တောတွေ သစ်ပင်တွေက ဝန်းရံထားပါတယ်။

သစ်တောမြို့တော်ဟာ လူ ၃၀,၀၀၀ နေထိုင်နိုင်မှာဖြစ်သလို ဟိုတယ်တွေနဲ့အတူ ဆေးရုံ တရုံ၊ ကျောင်းတကျောင်းလည်း ပါဝင်ပါတယ်။ အဲဒီအရာတွေ အားလုံးကိုတော့ သစ်ပင်ပေါင်း ၄၀,၀၀၀ နဲ့ အခြားအပင်မျိုးစိတ်ပေါင်း ၁ သန်း လောက်က ဝန်းရံထားပါတယ်။

သစ်တောမြို့တော်မှာ စိုက်ပျိုးထားတဲ့ အပင်တွေက တနှစ်ကို ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁၀,၀၀၀ နဲ့ လေထုညစ်ညမ်းမှု တန်ချိန် ၅၇ တန်ကို စုပ်ယူနိုင်မှာဖြစ်ပြီး အောက်ဆီဂျင် တန်ချိန် ၉၀၀ ကို ပြန်လည် ထုတ်လုပ်ပေးပါလိမ့်မယ်။

သစ်တောမြို့တော်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ၊ Liuzhou မြောက်ဘက်က တောတောင် ထူထပ်တဲ့ Guangxi ဒေသမှာ တည်ဆောက်ထားတာဖြစ်ပြီး ၁၇၅ ဟက်တာ (၄၃၁ ဒဿမ ၄၃၄ ဧက) အကျယ်အဝန်းရှိပါတယ်။ ဒီ သစ်တောမြို့တော် အတွင်းမှာဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်သလို အနားယူ အပန်းဖြေလို့ရတဲ့ နေရာတွေကိုလည်း စီစဉ်ထားပါတယ်။

ဒီ သစ်တောမြို့တော် ဒီဇိုင်းကိုတော့ ဗိသုကာပညာရှင် Stefano Boeri Architetti က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ အပြောအရဆိုရင် သစ်တော်မြို့တော်ဟာ ဆူညံသံတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လေထုအပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်ကတော့ ကျေးငှက် တိရစ္ဆာန်တွေနဲ့ သေးငယ်တဲ့ ဇီဝမျိုးကွဲ အမျိုးမျိုးကိုလည်း အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။

 

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service