ရန်ကုန်ကို စိမ်းလန်းသည့် Smart City ဖြစ်အောင်လုပ်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
9014 Views

ရန်ကုန်ကို စိမ်းလန်းသည့် Smart City ဖြစ်အောင်လုပ်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်ကို စိမ်းလန်းတဲ့ Smart City ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သက်တမ်း ၃ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးချုပ်က ပြောသွားတာပါ။

ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းကာ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ မြို့ကိုစိမ်းလန်းစေဖို့အတွက် ကြိုးပမ်းနေပါတယ်။ ရန်ကုန်မြို့ဟာ ဥယျာဉ်မြို့တမြို့လို ဖြစ်လာနိုင်အောင် ပြုပြင်သွားဖို့လိုပါတယ်။ ဒါကြောင့်မို့ ပန်းခြံတွေကို အများကြီး ပြုပြင်ခဲ့ပါတယ်။ တချိန်က ပန်းခြံတွေ အခြေအနေနဲ့ ယခု အခြေအနေတွေကို ကြည့်မယ်ဆိုရင် ပန်းခြံတွေ တော်တော်များများက စိမ်းလန်းပြီး တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက ပြည်သူတွေက ဒီပန်းခြံတွေကို အသုံးပြုပြီး အနားယူ အပန်းဖြေကြတယ်။ အားကစားလုပ်ကြ တာတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့မြို့ကို စိမ်းလန်းတဲ့မြို့တမြို့ အဖြစ် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပင်လယ်ကမ်းခြေတလျှောက် ဒီရေတောတွေ စိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒီရေတောတွေကို ဧကနှစ်သောင်းကျော်လောက် ပျိုးထောင်သွားဖို့ ပြင်ဆင်ထား ပါတယ်။ ”

ဒါ့အပြင် ရန်ကုန်မြို့ဟောင်း ဧရိယာတွေကို Smart City ဖြစ်နိုင်အောင် လုပ်သွားမှာဖြစ်သလို ဒဂုံလေးမြို့နယ် အပါအ၀င် ရန်ကုန်ရဲ့ မြို့သစ်ဧရိယာတွေကို လည်း ဖွံ့ဖြိုးတိုးတက်မှု ပိုမိုဖြစ်လာနိုင်စေဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ လေ့လာသုံးသပ်ချက်အရ ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ဖို့နဲ့ နေစရာ နှစ်စဉ်အခန်းပေါင်း တသိန်းလောက် ဖန်တီးပေးနိုင်ဖို့လိုတယ်၊ ဒါမှသာ ဆယ်စုနှစ် တခုအကြာမှာ ရန်ကုန်မြို့ဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ မြို့ကြီးအဖြစ်ရပ်တည်နိုင်မှာ ဖြစ်တယ်၊ ဒီလိုမဟုတ်ရင် ကျူးကျော်နေထိုင်သူတွေနဲ့ မြို့ပြကြီးရဲ့ တင့်တယ်မှုကို ပျက်ပြားသွားနိုင်ပြီး တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာနိုင်စရာရှိပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာကာလကို ပြန်ကြည့်လိုက်ရင် ကျေနပ်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များစွာခဲ့တဲ့အကြောင်းနဲ့ ရန်ကုန်မှာ အဓိက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက ရေကြီးရေလျှံမှုပြဿနာ၊ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တောင်လိုပုံနေတဲ့ပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းပေးခဲ့သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားလိုင်းတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်လို့လည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖြေကြားသွားပါတယ်။

Credit: DVB

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service