အမှန်တကယ်မလုပ်ဘဲ စာရင်းသာတင်ထားသည့် မြေကိစ္စစိစစ်မှု နေပြည်တော်၌ စတင်မည် - Property News in Myanmar from iMyanmarHouse.com
1888 Views

အမှန်တကယ်မလုပ်ဘဲ စာရင်းသာတင်ထားသည့် မြေကိစ္စစိစစ်မှု နေပြည်တော်၌ စတင်မည်

လုပ်ငန်းဆောင်ရွက်နေသည်၊ ပြီးစီးပြီ စသဖြင့် စာရင်းတင်ထားသော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိ သည့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းစိစစ်မှုကို အုပ်ချုပ်ရေး မြို့ တော် နေပြည်တော်တွင် စတင် မည်ဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၉) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။

‘‘ဌာနဆိုင်ရာက လိမ်ထားတာတွေ။ သူတို့က စီမံကိန်းအကောင်အထည်ဖော်ပြီးသားပါလို့ လိမ်ပြီးတော့တင်ထားတယ်။ ဘာလို့ လိမ်တင်ထားလဲဆိုတာက တော့ အဲဒီလုပ်ကွက်တွေ ယူထားတဲ့ သူတွေက အရင်တာဝန်ကြီး ကြီးယူခဲ့တဲ့ သူတွေဖြစ်တဲ့အခါကျ တော့ လိမ်တင်ထားတယ်’’ဟု​ ၎င်းက ပြောသည်။

စစ်ဆေးမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည့် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများ ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့က ဆောင်ရွက်မည် ဖြစ်သည်။

ထိုသို့ စီမံကိန်းအကောင်အ ထည်ဖော်ခြင်းမရှိသေးသည့် နေ ပြည်တော်ရှစ်မြို့နယ်ရှိ နေရာများ ကို စစ်ဆေးရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို အဖွဲ့သို့ တင်ပြရာ ခွင့်ပြု၍ လာမည့် တစ်ပတ်အတွင်း (ဧပြီ ၂၄ ရက်) စတင်စစ်ဆေးနိုင်ဖွယ် ရှိကြောင်း စစ်ဆေးရေးအထူးအဖွဲ့တွင် ပါဝင်သူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။

‘‘လုပ်ငန်းစဉ်ပါတဲ့အတိုင်း မဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေ ကို ဥပဒေအတိုင်း အရေးယူပြီးတော့ အဲဒါကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးတဲ့အခါမှ ဒေသခံ တောင်သူတွေကို သေချာစိစစ်ပြီး တကယ်လုပ်ဆောင်မယ့် တောင်သူတွေလက်ထဲ ပြန်ထည့်မှာဆို တော့ မြေမရှိတဲ့ တောင်သူတွေ မြေရသွားမှာပေါ့’’ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းဝင်းက ပြောသည်။

တစ်နိုင်ငံလုံးတွင်ခွင့်ပြုထား သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက နှစ်သန်းသုံးသိန်းရှိပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော ဧက ၁ ဒသမ ၃၇ သန်းကို ပြန်လည်သိမ်းယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒီဇင်ဘာတွင် လွှတ်တော်၌ ဖြေကြားထားဖူးသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service