ဧပြီလကုန်တွင် ဖွင့်လှစ်မည်ဟု သိရသော မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ် - Property News in Myanmar from iMyanmarHouse.com
4328 Views

ဧပြီလကုန်တွင် ဖွင့်လှစ်မည်ဟု သိရသော မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ်

မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ်အား ဧပြီလကုန်တွင် ဖွင့်လှစ်နိုင်တော့မည့်ဖြစ်ကြောင်း ပွန်တွန်းတံတား တည်ဆောက်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတားသစ် တည်ဆောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော တင်ဒါရွေးချယ်မှုတွင် ‘ရာသက်ပန်’ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကာ ၂၀၁၉ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိနေသော ဂျိုင်း - ကော့ကရိတ် ကြိုးတံတားမှာ ၂၅ တန်ခံနိုင်ဝန်ရှိသော ကြိုးတံတားဖြစ်ခဲ့ပြီး ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းကြောင့် ကြိုးတံတား၏ ခံနိုင်ဝန်ကျဆင်းလာခဲ့ကာ ယခုအခါ ၁၃ တန်နှင့်အောက် ယာဉ်များသာ ဖြတ်သန်း ခွင့်ပြုပြီး ၁၃ တန်အထက် ယာဉ်များအတွက် သစ်တောက်ငှက်ကုမ္ပဏီက တည်ဆောက်ထားသော ပွန်တွန်းဘောတံတားဟောင်းမှသာ သွားလာခွင့်ပြုခဲ့သည်။

လက်ရှိဘောတံတားကြံ့ခိုင်မှု လျော့ကျလာခြင်း၊ ကုန်သွယ်ပို့ဆောင်ယာဉ် များပြားလာခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် ‘ရာသက်ပန်’ ကုမ္ပဏီက အသစ်တည်ဆောက်မည့် တံတားကို လက်ရှိ အသုံးပြုနေသော ပွန်တွန်းတံတားနှင့် ပေ ၁၅၀ အကွာတွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သည်။ဗောတံတားသစ်တည်ဆောက်ပြီးစီး ဖွင့်လှစ်ပါက ကုမ္ပဏီနှစ်ခုအနေဖြင့် ဝန်ဆောင်မှုများကို အပြိုင်စနစ် ကျင့်သုံးလာကြမည်ဖြစ်သည့်အတွက် တံတားအသုံးပြုသူများအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။

ထို့ပြင် JICA မှ အခိုင်အမာတည်ဆောက်မည့် RC တံတားတစ်စင်းကိုလည်း သုံးနှစ်တာကာလ ၂၀၂၁ ခုနှစ် မတ်အတွင်း ပြီးစီးဖွင့်လှစ်နိုင်ရေးအတွက် ယခုနှစ် ဇန်နဝါရီမှစ၍ စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်လျက်ရှိပြီး လမ်းတံတားနှင့်မလွတ်သည့် မြေယာများကို ညှိနှိုင်းလျော် ကြေးပေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တန် ၆၀ ခံနိုင်မယ့် ပွန်တွန်းတံတားအသစ်ကို ကျပ်ငွေသိန်းပေါင်း ၂၀၀၀၀ အကုန်ကျခံပြီး လေးလအတွင်း ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မိုးကာလရောက်ရင် မြစ်ကရေများလာတာနဲ့အမျှ လက်ရှိတံတားကနေ ကုန်တင် ယာဉ်တွေ ဖြတ်သန်းဖို့ အခက်အခဲဖြစ်တဲ့အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နောက်ကျကုန်မယ်။ ကုန်ဈေးနှုန်းတွေတက်လာမယ်။ တံတားဖြတ်သန်းဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့” ဟု ရာသက်ပန်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က ပြောကြားသည်။

ယင်းဗောတံတားအတွက် ဗောတွဲ ၂၇ လုံးကို ဧရာဝတီရေတပ်စခန်းဌာနချုပ်ကနေ မှာယူဆောက်လုပ်ပြီး လေးလအတွင်း ကူးသန်းသွားလာနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း၂၀၀၀၀ ကုန်ကျကြောင်း သိရသည်။

 

Credit: Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service