ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၇၂ ရာခိုင်နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
732 Views

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၇၂ ရာခိုင်နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ဆက်ရှိပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ရုံးခန်းငှားရမ်းမှုနှုန်း မကွာခြားဘဲ ၇၂ ရာခိုင် နှုန်းရှိကာ ငှားရမ်းခ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) ၏အစီရင်ခံစာတွင် သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိနေပြီး ၂၀၁၈ ခု နှစ်တစ်နှစ်လုံး စတုရန်းမီတာ ၃၀၀၀၀ ဝန်းကျင် အသစ်ထွက်ရှိခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ် ထွက်ရှိမှု စတုရန်းမီတာ ၂၂၀၀၀၀ ကျော်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၁ နှစ်ကုန်တွင် ရုံးခန်းနေရာပေါင်း ၆၁၃၆၅၀ စတုရန်းမီတာရှိမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာလိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ ရာခိုင်နှုန်း ၇၀ ကျော်တွင်သာ ရှိနေသည်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏ ၇၂ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကွာခြားမှု မရှိသော်လည်း ငှားရမ်းခမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

လက်ရှိ ရုံးခန်းအဆောက်အအုံ ငှားရမ်းခများသည် တစ်စတုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ ၂၃ မှ ၅၈ ကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် ဈေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံ နေရာသစ်များ ထွက်ပေါ်မှု၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံ နေရာများသည် အနာဂတ်ကာလတွင် ဈေးနှုန်းရရှိမှု ပိုမိုနည်းပါး လာမည်ဖြစ်သည်။ လက်ရှိဈေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှငှားရမ်းခ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၃၈ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ခြောက်ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ပျမ်းမျှငှားရမ်းခနှုန်း ၃၈ ဒေါ်လာသာ ရှိမည်ဟု မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်းအ ဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ဆက်လက် တိုးတက်လာမည်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း စတုရန်းမီတာ ၂၂၅၇၀၀ အထိ ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်ရုံးခန်း အဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ၆ ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ် အနီးနေရာတွင် ၇၉ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၅ ရာခိုင်နှုန်း တည်ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုံးခန်း ငှားရမ်းမှု အများဆုံး လုပ်ငန်းများမှာ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းများက ၁၉ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများက ၁၇ ရာခိုင်နှုန်း၊ အကြီးစား စက်မှုထုတ်ကုန် လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း၊ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service