ကွန်ဒိုမီနီယံ တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများတွင် ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
1213 Views

ကွန်ဒိုမီနီယံ တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများတွင် ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည်ဟု ဆို

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများ၌ ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကွန်ဒိုမီနီယံတိုက်ခန်းတွေပေါ်လာလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က နိုင်ငံအတွင်းမှာပဲ အရောင်းအဝယ်လုပ်တယ်။ ဒီ ကွန်ဒိုမီနီယံ တိုက်ခန်းတွေပေါ်လာရင် မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ခန်းတွေကို မြန်မာနိုင်ငံ အပြင်ဘက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောင်းချနိုင်တော့မယ့် အခွင့်အရေးတွေရှိပါပြီ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေ ထွက်ပေါ်လာခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍအတွက် ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရောင်းချသည့် တိုက်ခန်းအရေအတွက်နှင့် ငှားရမ်းမှုများကိုပါ တိကျစွာဖြင့် နိုင်ငံတော်က အခွန်ကောက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီဥပဒေ ထွက်ပေါ်လာခြင်းသည် ဆောက်လုပ်ရေးကဏ္ဍအတွက် တစ်ခေတ် ပြောင်းသွားတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အတွက်လည်း အခွန်တွေတိတိကျကျရမယ့် အခြေအနေရှိပါတယ်” ဟု ဦးရှိန် ဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားသားများ ဝယ်ယူနိုင်မည့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ခုကို စတင်ခွင့်ပြုပေးခဲ့ကြောင်း ဧပြီ ၆ ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်း လိုင်စင်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်အရ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖွဲ့စည်းထားပြီးဖြစ်သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ၁၁ ခုအနက် ရန်ကုန်တိုင်းဒေသကြီးက ပထမဦးဆုံးအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများကို လိုင်စင်ခွင့်ပြုပေးအပ်ခဲ့ ခြင်းဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ အရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့်အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို ဆိုလိုခြင်းဖြစ်သည်။ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများက ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့်သာမက ကွန်ဒိုတည်ဆောက်ထားသော မြေနေရာကို အချိုးကျ ပိုင်ဆိုင်ခွင့်ပြုထားသည်။

ထို့ကြောင့် အခန်းပိုင်ရှင်များထက် မြေပိုင်ရှင်ကို ပိုမိုအခွင့်အရေးပေးထားသည့် ယခင်တိုက်ခန်းများထက် အားသာချက်များစွာ ရှိကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေအရ ရောင်းချခွင့်ရှိသည်။

သို့သော် ဥပဒေအသစ်အရ နိုင်ငံခြားသားများအနေဖြင့် ခြောက်ထပ်နှင့် အထက်ဖြစ်သော တိုက်ခန်းများကိုသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ပိုင်ဆိုင်မှုအပေါ် စီမံခန့်ခွဲပိုင်ခွင့် ပေးထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေအငှားနှင့် အရောင်းအဝယ်ဈေးကွက် ရာခိုင်နှုန်း ၄၀ ခန့်ကျဆင်းနေပြီး ကျပ် သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service