စုပေါင်းပိုင်အဆောက်အအုံ ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်မည်ဆိုလျှင် သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1068 Views

စုပေါင်းပိုင်အဆောက်အအုံ ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်မည်ဆိုလျှင် သိထားသင့်သည့်အချက်များ

Knowledge | Posted by Aye Myat Thu

၁။စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ ဆန္ဒအလျောက် ဖြိုဖျက်ပြီး အသစ်ပြန်လည် ဆောက်လုပ်လိုလျှင် အသင်း၏ အသင်းသား စုံညီအစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေး တွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။

(၁)အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၈ အရ ချမှတ်သော သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာသတ်မှတ်ချက်များနှင့် အညီသက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့ တင်ပြရမည်။

(၂)သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် တင်ပြချက်ကို စိစစ်ပြီးလိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်း နှင့် ညှိနှိုင်း၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(၃)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများ သိရှိနိုင်ရန် သတင်းစာတွင်ကြေညာရမည်။

၂။(က)အမှုဆောင် အဖွဲ့သည်သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုသည့် နေ့မှ ရက်ပေါင်း ၃ဝအတွင်း ယင်းအတည်ပြုချက်မိတ္တူနှင့် အသင်းသား စုံညီအစည်းအဝေးသို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။

(ခ)မှတ်ပုံတင် အရာရှိသည် သက်ဆိုင်ရာ မှတ်ပုံတင် စာအုပ်တွင် လိုအပ်သော ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ်ပယ်ဖျက်ခြင်း ပြုလုပ်ရမည်။

၃။(က)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ အတည်ပြုချက်နှင့် အညီ စုပေါင်းပိုင်း အဆောက်အအုံ ကို အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း၊စုပေါင်းပိုင် အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင် မြေနှင့်စုပေါင်းပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် ပျက်ကွက်သူများ၏ စာရင်းကို ဦးစီးဌာနသို့တင်ပြရမည်။

(ခ)ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူဖယ်ရှားနိုင်သည်။

၎။(က)စုပေါင်းပိုင်အဆောက်အအုံသည် ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာက သတ်မှတ်လာလျှင် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမည်။

(ခ)ထိုသို့ဖြိုဖျက် ခဲ့သည့် စုပေါင်းပိုင်မြေအပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခြင်း သို့မဟုတ် အခြားနည်း အသုံးပြုခြင်းများကို သတ်မှတ်သည့် နည်းလမ်းများ နှင့် အညီဆောင်ရွက်ရမည်ဖြစ်သည်။

Credit:  Law

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service