ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ကို ၂ဝ၂ဝ ပြည့်နှစ်အတွင်းအသုံးပြုနိုင်မည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
3389 Views

ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ကို ၂ဝ၂ဝ ပြည့်နှစ်အတွင်းအသုံးပြုနိုင်မည်ဟု ခန့်မှန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တည်ဆောက်မည့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ-ကဝလမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) မှာ ၂ဝ၂ဝပြည့်နှစ် စက်တင်ဘာလ (၃၀)ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါတံတားမှာအရှည်(၁၀၅၀)ပေ၊ ယာဉ်သွားလမ်း(၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင်(၃ပေ၃လက်မ)စီပါဝင်သည့် (၂)လမ်းသွားသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ရန်ပုံငွေများဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ( ၅၅၀၀ ) သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း ပန္နက်တော်တင်တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားပြုလုပ်သည့် ဧပြီလ ၆ ရက် က သိရသည်။

အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီးဘက်တွင် သပြုမှတစ်ဆင့် ရှမ်းကံ-ကဝသို့ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ဆောက်မည့်တံတားဖြစ်ပြီး ကဝမြို့မှပဲခူးမြို့သို့လည်း ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်းမှတစ်ဆင့် တိုက်ရိုက်ရောက်ရှိမည့်လမ်းလည်းဖြစ်ကြောင်းရသည်။

ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားကြီးတည်ဆောက်ပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးဘက်ရှိ အုန္နဲ၊ သက္ကလ၊ သနပ်ပင်မြို့များမှဒေသခံပြည်သူများ အဆိုပါတံတားကိုအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးသို့လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဘက်ခြမ်းတွင်လည်း ဤတံတားမှတစ်ဆင့် ရန်ကုန်အပြင်မြို့ပတ်လမ်းသို့ ချိတ်ဆက်ရမည့် တံတားဖြစ်သည့်အတွက် လည်း အလွန်အရေးပါသောတံတားဖြစ်သည်။

ယခုအခါ ပဲခူးမြစ်ကိုဖြတ်၍ ဖြတ်သန်းဖေါက်လုပ်ထားသည့် ပဲခူးမြစ်ကူးတံတား(၇)စင်းရှိပြီဖြစ်ပြီး ယခုတည်ဆောက်မည့်ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားသည် ပဲခူးတိုင်းဒေသကြီးအတွင်း(၆)စင်းမြောက်တံတားဖြစ်ကြောင်း၊ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ပဲခူးမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား၊ ပဲခူးမြို့အတွင်းရှိပဲခူးမြစ်ကူးတံတား၊ ကဝမြို့နယ်ရှိပဲခူးမြစ်ကူးတံတား(ကဝ)တံတားတို့ တည်ဆောက်ပြီးဖြစ်ကာ ယခုအခါကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတားနှင့် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တို့ကိုလည်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service