မန္တလေးမြို့ စည်ပင်သာယာပိုင်မြေများ၌ BPT စနစ်ဖြင့် ငှားရမ်းထားသော မန္တလေးစီးတီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့ကို စာချုပ်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ပြည့်ပြီးနောက်တွင် ဆက်လက်သက်တမ်း တိုးမည်မဟုတ်ဘဲ မြို့တော်စည်ပင်က ပြန်လည်ရယူသွားမည်ဟု မန္တလေးမြို့တော်ဝန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
1108 Views

မန္တလေးမြို့ စည်ပင်သာယာပိုင်မြေများ၌ BPT စနစ်ဖြင့် ငှားရမ်းထားသော မန္တလေးစီးတီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့ကို စာချုပ်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ပြည့်ပြီးနောက်တွင် ဆက်လက်သက်တမ်း တိုးမည်မဟုတ်ဘဲ မြို့တော်စည်ပင်က ပြန်လည်ရယူသွားမည်ဟု မန္တလေးမြို့တော်ဝန် ပြောကြား

မန္တလေးမြို့စည်ပင်သာယာပိုင်မြေများ တွင် ဘီအိုတီစနစ်ဖြင့် ငှားရမ်းထားသော မန္တလေးစီးတီးဟိုတယ်၊ ဟိုတယ်မန္တလေးတို့အား စာချုပ်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ပြည့်ပြီးနောက်တွင် ဆက်လက် သက်တမ်းတိုးမြှင့်မည် မဟုတ်ဘဲ မြို့တော်စည်ပင်က ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“ဟိုတယ်မန္တလေးက လာမယ့်ခုနစ် နှစ်၂၀၂၆ ဆို ပြည့်ပြီ။ မန္တလေးစီးတီးဟိုတယ်က ၂၀၂၄ မှာ ပြည့်မှာပါ။ စာချုပ်သက်တမ်းပြည့်မယ့်နှစ် သိပ်မကွာပါဘူး။ မင်းသားကြီးဟိုတယ်ကတော့ ကျွန်တော်တို့တက်မလာခင် ရက်ပိုင်းအလိုကမှ သက်တမ်းတိုးသွားတာ ဖြစ်တဲ့အတွက် မြေငှားရမ်းခကိုပဲ သင့်တင့်မျှတတဲ့ ဈေးရရှိအောင် တိုးမြှင့်တောင်းရမ်းသွားမှာ ဖြစ်တာကြောင့် မင်းသားကြီးဟိုတယ်ရဲ့ လက်ရှိငှားရမ်းခကို နှစ်ဆတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဟိုတယ်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက ပဋိညာဉ်စာချုပ်တွေနဲ့ ချုပ်ဆိုထားတာဖြစ်ပါတယ်။ စာချုပ်မှာ ပါဝင်တာက နှစ်ဦးနှစ်ဖက်သဘောတူမှသာ ပြင်ဆင်ခွင့်ရှိပြီး နှစ်ဦးနှစ်ဖက်သဘောမတူပါက ပြင်ဆင်ခွင့်မရှိလို့ ပါဝင်တာဖြစ်တဲ့အတွက် ညှိရနှိုင်းရတာ တော်တော် လုပ်ရကိုင်ရ ခက်ပါ တယ်။ နှစ်လုံးပေါက် အစည်းအဝေးတွေလုပ်၊ အကြိမ်ကြိမ်ညှိနှိုင်းပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။ တခြားသော ဥပမာကန်တော်ကြီးစောင်းက စည်ပင်ပိုင်မြေတွေမှာ ဆောက်လုပ်ထားတဲ့ စီးပွားရေး အဆောက်အအုံတွေဆိုရင်လည်း အရင်အစိုးရ တောင်းဆိုသွားတဲ့ဈေးထက် ကျွန်တော့်လက်ထက်မှာ သုံးဆကနေ ငါးဆထိ တိုးမြှင့်ထားပြီးသားဖြစ်ပါတယ်။ မြို့တော်အတွက် စည်ပင်ပါ” ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဆိုသည်။

မဟာအောင်မြေမြို့နယ် ၇၈_ ၃၇ လမ်းထောင့်ရှိ စည်ပင်ပိုင်မြေ ၁ ဒသမ ၆၅ ဧကကို အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီအား (၉.၉.၁၉၉၇) မှ (၈.၉.၂၀၂၇) ထိ တစ်နှစ်မြေငှားခ ကျပ်သန်း ၁ ဒသမ ၅၀၀ ဖြင့် နှစ်သုံးဆယ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေငှားခအနေဖြင့် တစ်လလျှင် ကျပ်နှစ်သိန်းကျော် (၂၁၈၆၂၅ ဒသမ ၇၈ ကျပ်) နှင့် ထပ်ဆောင်း မြေငှားခ ၃၁ သိန်းကျော် (၃၁၈၈၈၄၇ ဒသမ ၈၂) ကျပ်နှုန်းရရှိခဲ့ပြီး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၈၂ နှင့် ၈၃ ကြားရှိ စည်ပင်ပိုင်မြေ ၁ ဒသမ ၃၂၇၀ ဧကအား မန္တလေးစီးတီးဟိုတယ်အဖြစ် အောင်ပင်လယ်ကုမ္ပဏီအား တစ်နှစ်လျှင် သိန်း ၁၀၀ နှုန်းဖြင့် ၆.၅.၂၀၂၄ အထိ နှစ် ၂၀ စာချုပ်ဖြင့် ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းဘေးရှိ စည်ပင်သာယာပိုင်မြေ ၆ ဒသမ ၂၅ ဧကအား အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီက (၇.၆.၁၉၉၆) မှ (၆.၆.၂၀၁၇) နေ့ထိ နှစ် ၂၀ စာချုပ်ချုပ်ဆိုကာ တစ်နှစ်လျှင် ကျပ်သိန်း၅၀ နှုန်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး NLD အစိုးရ မတက်ခင် ၂၀၁၆ မတ်၂၉ ရက်တွင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပြီး ပြင်ဆင်ချုပ်ဆိုသည့်စာချုပ်အရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေနှင့် အဆောက်အအုံငှားရမ်းခ တစ်လလျှင် ကျပ်ခြောက်သိန်းကျော်(၆၃၃၆၉၇ ဒသမ ၉၂) ကျပ်နှုန်းရရှိခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service