စင်ကာပူဇိမ်ခံနေအိမ်ဈေးနှုန်းတွေ ဆယ်စုနှစ်တစ်စုအတွင်း အများဆုံးကျဆင်း - Property News in Myanmar from iMyanmarHouse.com
1308 Views

စင်ကာပူဇိမ်ခံနေအိမ်ဈေးနှုန်းတွေ ဆယ်စုနှစ်တစ်စုအတွင်း အများဆုံးကျဆင်း

စင်ကာပူက နေအိမ်တန်ဖိုးဈေးနှုန်းတွေကတော့ ဒုတိယမြောက် သုံးလပတ်ဆက်တိုက်အဖြစ် ထပ်မံကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

အစိုးရဘက်က အိမ်ခြံမြေဈေးကွက်တွေအပေါ် ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာနဲ့အမျှ ဇိမ်ခံနေအိမ်တိုက်ခန်းတွေရဲ့ တန်ဖိုးတွေဟာလည်း ဆယ်စုနှစ်တစ်စုနီးပါးအတွင်း အများဆုံးအတိုင်း အတာအဖြစ် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင်လူနေအိမ်ယာ ဈေးနှုန်းတွေဟာ မတ်လ ၃၁ ရက်က ကုန်ဆုံးခဲ့တဲ့ သုံးလတာအတွင်း ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ယင်းမတိုင်ခင် အစောပိုင်းသုံးလပတ်တုန်းကတော့ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းထားခဲ့တာဖြစ် ကြောင်း မြို့ပြပြန်လည်ဖော်ဆောင်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

အချက်အချာကျတဲ့ ဧရိယာတွေမှာရှိနေတဲ့ ဇိမ်ခံအိမ်ဈေးနှုန်းတွေ ဒါမှမဟုတ် အိမ်ယာတိုက်ခန်း ဈေးနှုန်းတွေကတော့ ၂ ဒသမ ၉ ရာခိုင်နှုန်းလောက် ကျသွားတယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၀၉ ခုနှစ် ဇွန်လမှာ ကုန်ခဲ့တဲ့ သုံးလပတ်နောက်ပိုင်း အများဆုံး ကျဆင်းမှု ပမာဏလည်း ဖြစ်ပါတယ်။

စင်ကာပူအာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ကာလအတွင်း အိမ်ခြံမြေ ဈေးကွက်အပေါ်မှာ ထိန်းချုပ်ကြပ်မတ်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားခဲ့ပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service