ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် မြန်မာ့ခရီးသွားဘဏ်များ ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
664 Views

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် မြန်မာ့ခရီးသွားဘဏ်များ ဖွင့်မည်

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မြန်မာ့ခရီးသွားဘဏ်များကို လာမည့်နှစ်လအတွင်း ဖွင့်လှစ်သွားမည်ဟု အဆိုပါဘဏ်၏အသေးစား၊ အလတ်စားချေးငွေဌာန ဒုတိယတာဝန်ခံ ဦးဇင်ကိုကိုက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ခရီးသွားဘဏ်ဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍကို ဦးစိုက်သွားမယ်။ ပြီးတော့ တခြားသက်ဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေးထောက်ပံ့မှုပေးဖို့ ရှိပါတယ် "ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်က လွန်ခဲ့သောခြောက်လကျော်က ခွင့်ပြုမိန့်လိုင်စင် ငါးခုချပေးထားသော ဘဏ်များအတွင်း မြန်မာ့ခရီးသွားဘဏ်ပါဝင်ခဲ့ပြီး ခရီးသွားအများပိုင်ကုမ္ပဏီဖွဲ့စည်းကာ ဘဏ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်းကဏ္ဍတွင် မည်သည့်ဘဏ်မဆို အာမခံအနေဖြင့် အပေါင်ပစ္စည်း၊ လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ ပြရသည့်အတွက် မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေရယူရာတွင်လည်း အလားတူဖြစ်ကြောင်း ဦးဇင်ကိုကိုက ပြောသည်။

" လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပြရမယ်။လုပ်ငန်းတကယ်လုပ်ကိုင်နေတဲ့ အခြေအနေနဲ့ သူ့ရဲ့ တစ်နှစ်၊နှစ်နှစ်၊ သုံးနှစ်အတွင်းမှာရှိနိုင်တဲ့ ဝင်ငွေထုတ်ပြန်ချက်တွေ၊ ဘဏ္ဍာရေးထုတ်ပြန်ချက်တွေ၊ တခြားဝင်ငွေတွေပြပြီးတော့မှ အဆိုပြုလွှာတင်တယ်ဆိုရင်တော့ ခရီးသွားကဏ္ဍရဲ့ စီးပွားရေးလုပ်ငန်းကို အကောင်းဆုံးလုပ်ပေးနိုင်မှာပါ " ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်က ဖြေလျှော့မှုများ ပြုလုပ်ထားပြီး အပေါင်ပစ္စည်းမပါဘဲ ချေးငွေရယူပါက အတိုးနှုန်း၁၆ ရာခိုင်နှုန်းကောက်ခံကာ ချေး၍ရသည့်အတွက် မြန်မာ့ခရီးသွားဘဏ်အနေဖြင့်လည်း ချေးငွေရယူသူ၏ လုပ်ငန်းသဘာဝအပေါ် -မူတည်ပြီး ဆုံးဖြတ်သွားမည်ဟု ၎င်းက ပြောသည်။

ခရီးသွားကဏ္ဍတွင် ကုမ္ပဏီများကို ချေးပေးမည့်အပြင် ခရီးသွားလုပ်ငန်း တိုးတက်ရန် ရည်ရွယ်၍ ခရီးသွား လိုသူများအတွက် personal travel loan များလည်း သီးသန့်ချေးပေးသွားမည်ဟု ဦးဇင်ကိုကိုက ပြောသည်။

 

Credit:  The Myanmar Times

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service