အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေကြမ်း ဘာလဲ - Property News in Myanmar from iMyanmarHouse.com
2066 Views

အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေကြမ်း ဘာလဲ

လိုအပ်သလား

အိမ်ခြံမြေဆိုင်ရာလုပ်ငန်းများ ဖြစ်သော ရောင်း၊ ၀ယ်၊ ငှား၊ ဆောက်၊ ပေါင်နှံ၊ ပေးကမ်း စသည့် အိမ်ခြံမြေနှင့် ပတ်သက်သော ကိစ်္စအ၀၀ကို ဆောင်ရွက် ရာတွင် အကျိုးဆောင်လုပ်ငန်း(၀ါ) ၀န် ဆောင်မှုနှင့် ပတ်သက်သော ဥပဒေ တစ်ခုသည် အလျင်အမြန်ပြဋ္ဌာန်းရန် လို အပ်ပါသည်။ သို့မှသာ အိမ်ခြံမြေလုပ်ငန်း များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေနိုင်ပြီး နိုင်ငံ၏စီးပွားရေးကို မောင်းနှင်အားတစ် ရပ်ဖြစ်စေနိုင်ပါသည်။ ဥပေဒေတစ်ခု အလျင်အမြန်ပြဋ္ဌာန်းရန် လိုအပ်သည်မှာ အငြင်းမပွားနိုင်ပါ။

မည်သည့်အဆင့်လဲ

သို့ရာတွင် အိမ်ခြံမြေ ၀န်ဆောင် မှုဥပဒေကို မည်သည့်အဆင့်က ပြဋ္ဌာန်း ကျင့်သုံးသင့်ပါသလဲဆိုသည်က စဉ်းစား ရန် လိုပါမည်။ ဥပဒေပြဋ္ဌာန်းရေး၌ ဥပဒေ ပြုမဏ္ဍိုင်ဖြစ်သော ဥပဒေပြုလွှတ်တော် များက ပြဋ္ဌာန်းရခြင်းကို အများသိပြီး ဖြစ်ပါသည်။ ဥပဒေပြုလွှတ်တော်ဟု ဆို ရာ၌ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအဆင့်နှင့် ပြည် ထောင်စုအဆင့်ဟူ၍ အဆင့်များခွဲခြား ထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မည်သည့်အဆင့်က မည်သည့် ဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်ဟု သတ် မှတ်ထားပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ဖြစ်၍ လိုက် နာရပါမည်။ ဆန့်ကျင်၍မရနိုင်ပါ။

တိကျစွာ ပြဋ္ဌာန်းထား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)သည် ပြည်ထောင်စုအဆင့် ဥပဒေပြုစာရင်းဖြစ်ပါသည်။ ဇယား(၂) မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဥပဒေပြုစာရင်းဖြစ်ပါသည်။ ဇယား(၃)မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့အဆင့်၏ ဥပဒေပြုစာရင်း ဖြစ်ပါသည်။ အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေသည် ဇယား(၂)၏ စီမံခန့်ခွဲရေး ကဏ္ဍ၏ (က)စည်ပင်သာယာရေး(ခ) မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများဟု ပြဋ္ဌာန်းထားပါသည်။ သို့ ဖြစ်၍ အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေသည် ဇယား(၂)၌ ပါဝင်ခြင်းကြောင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အဆင့်က ပြဋ္ဌာန်း ရမည့် ဥပဒေဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်သည် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်များက ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် သဘော တူညီကြပြီးဖြစ်ပါသည်။ နိုင်ငံတော်၊ သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ်္ဂိုလ် တို့ကလည်း ဒီမိုကရေစီဖက်ဒရယ်စနစ် ဦးတည်ရန် အကြိမ်ကြိမ်မိန့်ခွန်းများ၌ ထည့်သွင်းပြောကြားပြီးဖြစ်ပါသည်။ ဒီမို ကရေစီဖက်ဒရယ်စနစ်အရ ဗဟိုဦးစီး ချုပ်ကိုင်မှုများကို လျှော့ချ၍ တိုင်းဒေသ ကြီး ပြည်နယ်အဆင့် လုပ်ပိုင်ခွင့်များ စီမံဖန်တီးခွင့်ကို ခွဲဝေပေးရမည်ဖြစ်ပါ သည်။

အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေ ကြမ်းကို ပြည်သူများ လေ့လာသိရှိ အကြံ ပြုနိုင်ရန်နှင့် အကြံပြုစာများကို ပြည် ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့ ရန် ၁၅-၆-၂၀၁၈ နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ထည့်သွင်းဖော်ပြပါ သည်။ အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းမည်ဟု အတိအလင်းဖော်ပြထား ပါသည်။

သို့ဖြစ်၍ အိမ်ခြံမြေ၀န်ဆောင် မှု ဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား(၂) အပိုဒ် ၈(က) (ခ)အရ စည်ပင်သာယာရေးနှင့် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ဖြစ်ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့် လွှတ်တော်များကသာ ပြဋ္ဌာန်း ရမည့် ဥပဒေတစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်ထောင်စုအဆင့်လွှတ်တော်က ယင်း ဥပဒေပြဋ္ဌာန်းခြင်းသည် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ် ခြင်းမရှိဟု ယူဆပါသည်။

ထို့ပြင် ဒီမိုကရေစီဖက်ဒရယ် စနစ်အခြေခံများ ချမှတ်ကျင့်သုံးနိုင်သမျှ ကျင့်သုံးရေးအရ ဗဟိုချုပ်ကိုင်မှုလျော့ချ ၍ တိုင်းဒေသကြီး ပြည်နယ်များ၏ လုပ် ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်ပေးရမည့် မူအရ လည်း အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေကို ပြည်ထောင်စုအဆင့်က ပြဋ္ဌာန်းရန်မသင့် ဟု ယူဆပါသည်။

ဥပဒေကြမ်းအပေါ် သုံးသပ်ခြင်း

အာဆီယံနိုင်ငံများအပါအ၀င် နိုင်ငံတကာ၌ ယေဘုယျအားဖြင့် အိမ်ခြံ မြေ၀န်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ပတ် သက်၍ (၂)မျိုးခွဲခြားထားပါသည်။ အိမ် ခြံမြေကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများ ကို ထုတ်ပေးသော ပွဲစားလိုင်စင်(Broker Licence) နှင့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး များ၏ လက်အောက်ခံလုပ်ကိုင်ကြသော လုပ်ငန်းခွဲဝေလုပ်ကိုင်သူ (Agent Licence) အေးဂျင့်များ၏လိုင်စင်ဟူ၍ နှစ်မျိုးခွဲ ခြားထားပါသည်။ သို့ဖြစ်၍ နိုင်ငံတကာ ကဲ့သို့ လိုင်စင်ထုတ်ပေးရာ၌ ယာယီ လိုင်စင်ဟူ၍ ဥပဒေ၌ ထည့်သွင်းခြင်း မပြုဘဲ ပွဲစားလိုင်စင်နှင့် အေးဂျင့်လိုင်စင် ဟူ၍ ထုတ်ပေးသင့်ပါသည်။ ယာယီ ထုတ်ပေးခြင်းကို နည်းဥပဒေအရသာ ပြုလုပ်သင့်ပါသည်။

ဥပဒေ၏ ရည်ရွယ်ချက်၌ အိမ် ခြံမြေ၀န်ဆောင်မှုလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေရန်နှင့် နိုင်ငံ၏ စီးပွားရေးကို မောင်းနှင်အား တစ်ရပ်ဖြစ်စေရန် ရည် ရွယ်ချက် ပါဝင်ခြင်းမရှိ၍ ထည့်သွင်းသင့် ပါသည်။ တိုင်းပြည်၏ အခွန်ဘဏ္ဍာများ ရရှိရေးသည် အရေးကြီးပါသည်။ အိမ်ခြံ မြေ ယနေ့ပွဲစားများ အကျိုးဆောင်များ သည် အခွန်အခများကို ထိန်ချန်ခြင်း၊ မမှန်မကန်ပြခြင်း၊ ရှောင်တိမ်းခြင်း၊ လိမ် လည်ခြင်းများအပေါ်၌ အရေးယူမှုများ ထည့်သွင်းပြဋ္ဌာန်းသင့်ပါသည်။

အခန်း(၆)ပုဒ်မ(ခ)၌ ၀န်ဆောင် မှုပေးသူသည် ၀န်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့် တခြားတည်ဆဲ ဥပဒေများကို လိုက်နာရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားပါသည်။ ဤသို့ ထည့်သွင်းပြဋ္ဌန်းရန်လိုမည်မဟုတ်ပါ။ ဤသို့ ထည့်သွင်းမပြဋ္ဌာန်းသော်လည်း ဤဥပဒေ နှင့် အခြားတည်ဆဲဥပဒေများကို မလွဲမသွေ လိုက်နာရမည်ဖြစ်ပါသည်။

ပုဒ်မ ၁၁(ဂ)၌ ၀န်ဆောင်မှု ပေးသူသည် ၀န်ဆောင်မှုရယူသူက အမှန် တကယ် ရောင်းချခွင့်ပြုသည့် ဈေးနှုန်း ထက်ပို၍ ရောင်းချခြင်းမပြုရဟု ဖော်ပြ ထားပါသည်။ ပုဒ်မ(၁၃)(ခ)၌ ၀န်ဆောင် မှုပေးသူသည် အိမ်ခြံမြေရောင်းဝယ်ငှား ရမ်းမှုတွင် သဘောတူညီထားသော ဈေး နှုန်းထက်ပို၍ ရောင်းချခြင်း၊ ငှားရမ်း ခြင်း၊ မပြုကြောင်း ၀န်ခံရမည်ဟု ဖော်ပြထားပါသည်။ ရောင်းချခွင့်ပြုသည့် ဈေးနှုန်းထက် ပို၍ ရောင်းချခြင်းမပြုရ နှင့် သဘောတူထားသော ဈေးနှုန်းထက် ပို၍ ရောင်းချခြင်းမပြုကြောင်း ၀န်ခံရ မည်ဟု ဖော်ပြထားရာ၌ ပုဒ်မ ၁၁(ဂ)၌ တားမြစ်ထားပြီးဖြစ်၍ (၁၃)(ခ)၌ ၀န်ခံ ရမည်ဟု ပြဋ္ဌာန်းရန် လိုမည်မဟုတ်ဟု ယူဆပါသည်။

ဥပဒေကြမ်း၌ ပွဲစားများနှင့် ပွဲ စားအသင်းများက ရေးဆွဲတင်ပြထား သော ဥပဒေကြမ်းဖြစ်၍လားမသိ ပွဲစား များကို အကာအကွယ်ပေးရေးအား ကောင်းသောဥပဒေဟု သုံးသပ်လိုပါ သည်။ ၀န်ဆောင်မှုရယူသူ (၀ါ) စားသုံး သူများကို အကာအကွယ်ပေးရေးအား ကောင်းသောဥပဒေဟု သုံးသပ်လိုပါ သည်။ ၀န်ဆောင်မှုရယူသူ (၀ါ) စားသုံး သူများ၏ အကျိုးကို ကာကွယ်ပေးမှုနည်း ပါးနေပါသည်။ ၀န်ဆောင်မှုပေးသူများ ၏ အခွင့်အရေးများသည် ပုဒ်မ (၁၂)(က) (ခ) (ဂ) (ဃ) (င) (စ)၊ ပုဒ်မ (၁၃)(ဇ)၊ ပုဒ်မ (၁၄)(ခ) (ဃ) (င) (ဆ)၊ ပုဒ်မ (၂၂) (၂၃) (၂၄) (၂၅) တို့သည် ၀န်ဆောင်မှု ပေးသူပွဲစားများကို ကာကွယ် ထားသော ပုဒ်မများဖြစ်သည်ကို တွေ့ရ ပါသည်။

ဝန်ဆောင်မှုရယူသူ (စားသုံး သူ)များအားလည်း ပုဒ်မ (၂၂)၌ ၀န်ဆောင် ခပေးရန် ပျက်ကွက်ခြင်းမရှိစေရ ပုဒ်မ (၂၃)၌ အခြားသူနှင့် ဆက်သွယ်ဆောင် ရွက်ပါက ၀န်ဆောင်ခအပြည့်အ၀ပေးရ မည်။ ပုဒ်မ (၂၄)၌ ပွဲစားများက ပျက် ကွက်လျှင် ယူထားသော ၀န်ဆောင်ခကို သာ ပြန်ပေးရမည်။ ပုဒ်မ (၂၅)၀န်ဆောင် မှုပေးသူ နောက်ကွယ် ၀ယ်၊ ရောင်း၊ ငှား ခြင်းမပြုပါက သဘောတူထားသော ၀န် ဆောင်ခ ပေးရန်ပျက်ကွက်ခြင်းမရှိစေရ ဟူသော ပြဋ္ဌာန်းချက်များသည် စားသုံးသူ အကာအကွယ်ပေးရေး ရှုထောင့်မှ ပြန် လည်သုံးသပ်သင့်ပါသည်။

ထို့ပြင် ဤဥပဒေကြမ်းအရ အိမ်ခြံမြေ၀န်ဆောင်မှုဗဟိုကော်မတီ သီးခြားရန်ပုံငွေ ထူထောင်ခြင်းကို ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပါသည်။ နိုင်ငံ တော်၏ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း များနှင့် ညီမညီ သုံးသပ်ရန် လိုပါမည်။ ဤဗဟိုအဖွဲ့အစည်းသည် လွတ်လပ်သော သီးခြားအဖွဲ့အစည်းလား၊ အစိုးရအဖွဲ့ အစည်းလား၊ အစိုးရတစ်စိတ်တစ်ပိုင်း အဖွဲ့အစည်းလား၊ ၀န်ကြီးဌာနက တာဝန် ခံရသော အဖွဲ့လား၊ ၀န်ကြီးဌာနတစ်ခု ၏ အောက်တွင် ထားရှိမည့် ငွေစာရင်း ဌာန သီးခြားတစ်ခုလား၊ ယင်းငွေကြေး များသည် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာ ငွေဖြစ်မလား၊ လွတ်လပ်စွာသုံးစွဲပိုင်ခွင့် ရှိသော ငွေကြေးဖြစ်မလား၊ ဒေသန်္တရ တိုးတက်ရေးဖွံ့ဖြိုးရေးငွေကြေးအဖြစ် ထားရှိမှာလားဟူသော မေးခွန်းများစွာ ဖြစ်ပေါ်လာပါသည်။

နိုင်ငံတော်သမ်္မတက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက် နှင့် သတ်မှတ်သည့်နေရာဒေသတွင် စတင်အာဏာတည်ရမည်ဟု ပြဋ္ဌာန်းချက် အရ တိုင်းဒေသကြီး ပြည်နယ်များသို့ သမ်္မတက သင့်တော်သလို နေ့ရက်၊ နေရာ ဒေသပြဋ္ဌာန်းသွားမည်ဖြစ်၍ ဥပဒေကို တိုင်းဒေသကြီး ပြည်နယ်များ၏ ဥပဒေ ပြုလုပ်ပိုင်ခွင့် မထိခိုက်နိုင်ဟု မဆိုနိုင်ပါ။ ဥပဒေပြုရေး၊ တရားစီရင်ရေး၌ ဗဟိုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် နှစ်ခုစလုံး၌ လုပ်ပိုင်ခွင့်ရှိပါက အနိမ့်ဆုံး အဆင့် ကသာ ကျင့်သုံးဆောင်ရွက်ရပါသည်။ ယခု ဥပဒေသည် တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်ကို ဖွဲ့စည်းပုံအရ ပေးထားခြင်းကြောင့် တိုင်းဒေသကြီး ပြည်နယ် အဆင့်ကသာ ဥပဒေပြုရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အိမ်ခြံမြေ၀န်ဆောင် မှုဥပဒေသည် ကျယ်ကျယ်ပြန့်ပြန့်ထပ်မံ စဉ်းစားသုံးသပ်သင့်ပါကြောင်း။

 

ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

Upcoming Property Events

area-one-business-complex
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service