နိုင်ငံတကာစံနှုန်းများနှင့်အညီ B.O.T စာချုပ်စာတမ်းများကို ပြင်ဆင်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
714 Views

နိုင်ငံတကာစံနှုန်းများနှင့်အညီ B.O.T စာချုပ်စာတမ်းများကို ပြင်ဆင်ရန်စီစဉ်

နိုင်ငံတကာစာချုပ်စာတမ်း စံနှုန်းများနှင့်အညီ B.O.T (Build, Operate and Transfer) စနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီများ၏ စာချုပ်စာတမ်းများကို ပြန်လည်ပြင်ဆင်ရန်စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောကြားသည်။

B.O.T ကုမ္ပဏီများအပိုင်းမှ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးများစွာရင်းနှီးမြုပ်နှံ လုပ်ကိုင်ရသည့်အတွက် အစိုးရပိုင်းမှလည်း လုပ်ကိုင်ခွင့်ပြုထားသည့် နှစ်ကန့်သက်ချက်အတွင်း B.O.T ကုမ္ပဏီများ၏ အရင်းကြေပြန်ရနိုင်မှု၊ ထိုက်သင့်သည့် ဝင်ငွေပြန်ရနိုင်မှုများကို ချိန်ဆပြီး နိုင်ငံတကာစံနှုန်းများဖြင့် ပြန်လည်တွက်ချက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူနှင့် ပြည်သူ့အစိုးရ၊ B.O.T ကုမ္ပဏီများအားလုံး အောင်မြင်ပြီး ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုတိုးတက်ရရှိဖို့ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ ပဋိဉာဉ်စာချုပ်တွေကို နိုင်ငံတကာစံနှုန်းများနဲ့ ညီညွတ်အောင် ပြင်ဆင်ဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ဦးဝင်းတင့်က ပြောကြားသည်။

နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်သည့် စာချုပ်များဖြစ်လာစေရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နည်းပညာအထောက်အပံ့ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ B.O.T ကုမ္ပဏီလုပ်ငန်းရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်နေကြောင်း၊ ယင်းဆွေးနွေးပွဲရလဒ်များဖြင့် နိုင်ငံတကာစာချုပ်စာတမ်း စံနှုန်းများနှင့်အညီ B.O.T ကုမ္ပဏီများ၏ စာချုပ်စာတမ်းများကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ပြန်ချုပ်လိုက်တာ ကောင်းတယ်လို့ပဲ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရင်းနှီးမြုပ်နှံမှုပတ်ဝန်းကျင်က ကြီးလာတယ်။ ပြည်တွင်းသမားတွေ တစ်နိုင်လောက်နဲ့လုပ်နေတာက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုက အချိန်နည်းနည်းပိုကြာတာပေါ့။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ကြတော့ ကျွန်တော်တို့မှာ အခြေခံဥပဒေတို့၊ လုပ်ထုံးလုပ်နည်းတို့ကလည်း နိုင်ငံတကာအဆင့်ရှိမှ လုပ်လို့ရမယ်။ ဒါကြောင့်မို့လို့ ဝန်ကြီးဌာန ကိုယ်၌က ပြည်ပရင်းနှီးမြုပ်နှံမှုတွေနဲ့ ဆက်သွယ်တဲ့အခါမှာ ရှိရင်းစွဲ B.O.T ကန်ထရိုက်တွေ ပြတဲ့အခါမှာ လိုအပ်ချက်တွေများလာတယ်။ ဒါကြောင့်ဒါတွေကို ပြင်မှရမယ်ဆိုပြီး ပြင်ကြတာပေါ့။ ဒါတွေက နိုင်ငံတကာအကြံပေးအဖွဲ့တွေ၊ ဥပဒေပညာရှင်တွေနဲ့ လုပ်ကြတယ်။ ဒီလိုလုပ်တာက ကောင်းတယ်လို့ပဲ ယူဆပါတယ်”ဟု Oriental Highway ကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ကျေးက ပြောကြားသည်။

B.O.T (Build, Operate and Transfer) အစိုးရပိုင်မြေ (သို့မဟုတ်) ပုဂ္ဂလိကပိုင်မြေများကို နှစ်အကန့်အသတ် (ပထမ နှစ် ၅၀ ခွင့်ပြု၊ ဒုတိယနှင့် တတိယအကြိမ် ၁၀ နှင့်စီသက်တမ်းတိုးခွင့်ပြု) ဖြင့် အဆောက်အအုံ၊ လမ်း၊ တံတား၊ လေဆိပ်၊ သင်္ဘောဆိပ်စသည်များကို လုပ်ပိုင်ခွင့်ရသူက တည်ဆောက်ပြီး ရင်းနှီးငွေနှင့် အမြတ်အစွန်းများကို တည်ဆောက်ထားသည့်အဆောက်အအုံမှ အခကြေးငွေများကို နှစ်အကန့်အသတ်ဖြင့် ပြန်လည်ကောက်ခံပြီး နှစ်ပြည့်သွားပါက စာချုပ်ပါအတိုင်း မူလပိုင်ရှင်သို့ ပြန်လည်အပ်နှံရသည့် စနစ်တစ်ခုဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service