တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည် - Property News in Myanmar from iMyanmarHouse.com
795 Views

တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည်

တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည်ငှားစားထားသည့် ဆရာ၊ ဆရာမများအား အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင် နေသော ဆရာ၊ ဆရာမများကို တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းနေထိုင်နိုင်ရန် အမည်ပေါက်ဖြင့် အိမ်ခန်းများချထား ပေးခဲ့ကြောင်း၊ သို့ရာတွင် အချို့သော ဆရာ၊ ဆရာမများက ယင်း အခန်းကိုနေထိုင်ခြင်းမရှိဘဲ တစ်ဆင့်ပြန်လည်ငှားရမ်းခြင်းများ၊ နေထိုင်ခြင်းမရှိဘဲ သော့ပိတ်ထားခြင်းများ ရှိနေသည့်အတွက် အခန်းပိုင်ရှင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

'' လူမနေဘဲ သော့ပိတ်ထားတဲ့ အခန်းတွေကို ပြန်သိမ်းမယ်။ ပြီးရင် တက္ကသိုလ်အလိုက် တကယ်လိုအပ်နေတဲ့ ဆရာ၊ ဆရာမ တွေကို ပြန်ပြီးခွဲပေးမယ်။ အိမ်ခန်းတွေကို ပြန်ငှားစားထားတဲ့ သူတွေကိုတော့ အမည်ပျက်စာရင်းသွင်းပြီး အိမ်ခန်းချထားတဲ့ စာရင်းကနေ ပယ်ဖျက်မယ်။ နောက်လိုအပ်လာရင်လည်း ရမှာ မဟုတ်တော့ဘူး။ လက်ရှိ အမည်ပေါက်မဟုတ်ဘဲ နေနေတဲ့သူ တွေကိုတော့ ဧပြီလလောက်ဆင်းခိုင်းမယ်''ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များနေထိုင်နိုင်ရန်အတွက် ၁၂ ထပ်တိုက်များကို လှိုင်တက္ကသိုလ် နယ်မြေအတွင်းတွင် တည်ဆောက်ခဲ့ပြီး အဆောက်အအုံအမျိုး အစားများကို ခုနစ်ခန်းတွဲ၊ ၁၅၆ ခန်းပါဝင်သော ၁၂ ထပ်တိုက် နှစ်လုံး၊ ခုနစ်ခန်းတွဲ အခန်းပေါင်း ၁၆၂ ခန်းပါဝင်သော ၁၂ ထပ်တိုက် နှစ်လုံး၊ အခန်းပေါင်း ၆၃၂ ခန်းပါဝင်သော ရှစ်ခန်း တွဲ ၁၂ ထပ်တိုက်ခုနစ်လုံးနှင့် တစ်ထပ်ခွဲရှိသော Community Center တစ်လုံးတို့ပါဝင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

''ဆောက်နေတာတွေလည်း ပြီးသလောက်ဖြစ်နေပြီ။ နောက် ထပ်အသစ်ထပ်ချပေးဖို့တွေလည်း ရှိတယ်။ ဒီတစ်ခါ အိမ်ခန်း တွေပေးတဲ့အခါကျရင် တစ်ဦးချင်းမပေးတော့ဘူး။ သက်ဆိုင် ရာတက္ကသိုလ်အလိုက်ရတဲ့ ခွဲတမ်းတွေကို တက္ကသိုလ်စီမံခန့်ခွဲ ရေးအဖွဲ့တွေကနေတစ်ဆင့် ချပေးလိမ့်မယ်''ဟု ယင်းကဆက် လက်ပြောကြားသည်။ မတ် ၁၆ ရက်က အဆင့်မြင့်ပညာဦးစီးဌာန(အောက် မြန်မာပြည်ရုံးခွဲ)တွင် အိမ်ခန်းများနှင့်ပတ်သက်သော အစည်း အဝေးတစ်ခုကိုပြုလုပ်ခဲ့ပြီး ယခုလ ပထမအပတ်ကလည်း အိမ် ခန်းများနှင့်ပတ်သက်သောစစ်ဆေးမှုများ ရှောင်တခင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service