ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
1777 Views

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးမည်

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး အနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး၊ မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ GS Engineering & Construction ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားပြီး၊ ယင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“တံတားတည်ဆောက်ဖို့အတွက် တင်ဒါအောင်မြင်ထားတဲ့ GS Engineering & Construction ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ မကြာခင် ညှိနှိုင်းမှုတွေ ပြီးစီးပြီး လက်မှတ်ရေးထိုးနိုင်မှာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်း၏ ပန္နက်တော်တင် အခမ်းအနားအား ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ရန်ကုန်-ဒလ မြစ်ကူးတံတားပုံစံက လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားပုံစံ တည်ဆောက်သွားမှာဖြစ်ပြီး အသွားနှစ်လမ်း အပြန်နှစ်လမ်းစီ ပါဝင်မှာ ဖြစ်ပါတယ်။ တံတားမှာကပ်ရက် ၀.၅ မီတာ ရေပိုက်နှစ်လုံး တစ်ဖက်တစ်ချက်မှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်အခြမ်းက ဘုန်းကြီးလမ်းတည့်တည့် အသွားတစ်လမ်း၊ အပြန်တစ်လမ်းနဲ့ ကြည့်မြင့်တိုင်ဘက်ခြမ်းကနေတက်မယ့် တစ်လမ်းပါဝင်မှာ ဖြစ်ပါတယ်။ စတင်တည်ဆောက်ချိန်ကနေ ၃၉ လ အတွင်း အများဆုံး ၄၂ လ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်လို့ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ တံတားတည်ဆောက်မှု ပြီးစီးမှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာ လူငယ်တွေ ကြိုးဆိုင်းတံတားအရှည် တည်ဆောက်တဲ့ အတွေ့အကြုံ ရရှိစေဖို့ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား ကိုရီးယားအကြံပေး ကုမ္ပဏီမှ ရေးဆွဲထားခြင်းဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇.၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀.၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈.၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service