"စမတ်စီးတီး ဘာလဲ၊ ဘယ်လဲ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
690 Views

"စမတ်စီးတီး ဘာလဲ၊ ဘယ်လဲ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

"စမတ်စီးတီး ဘာလဲ၊ဘယ်လဲ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မတ်လ ၁၄ ရက်၊နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊၂၈ လမ်းနှင့်၂၉ လမ်းကြား ၊မြနန္ဒာလမ်းသွယ်ရှိ မန္တလေး သတင်းစာပညာကျောင်းတွင် ပြုလုပ်သွားမည်ဟု ဦးစန်းယုကျော်(တာဝန်ခံ၊ မန္တလေးသတင်းစာပညာကျောင်း) က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေးသတင်းစာပညာကျောင်းမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး သတင်းစာဆရာများကို သတင်းစာပညာများနှင့်အသိပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများအပါအဝင် ယခုလို ဆွေးနွေးပွဲများ မန္တလေးသတင်းစာပညာကျောင်းမှ ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

" အဓိကကတော့ သတင်းစာဆရာတွေအတွက် ရည်ရွယ်တာပါ။ သတင်းရေးတဲ့အခါမှာ ပိုမိုတိကျပြီးတော့ ဘက်ဂရောင်း( နောက်ခံအကြောင်းအရာများ) တွေ ရအောင်လို့ပါ"ဟု ဦးစန်းယုကျော်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Smart City Officer ဖြစ်သူ ဦးရဲမြတ်သူနှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်(ကျော်ရင်မြင့်)တို့က ဦးဆောင်ဆွေးနွေးမည် ဖြစ်သည်။

ဦးရဲမြတ်သူနှင့်ဦးကျော်ဆန်းမြင့်(ကျော်ရင်မြင့်)တို့က “ စမတ်စီးတီးဆိုတာ ဘာလဲ၊ မန္တလးမြို့ကို စမတ်စီးတီး ဖြစ်ဖို့ ဘာတွေလုပ်ခဲ့ ပြီးပြီလဲ၊ ဘာတွေလုပ်နေလဲ၊ ၂၀၂၀ မတိုင်ခင်အထိ မန္တလေးမြို့ကို စမတ်စီးတီး ပိုမို ပီပြင်လာအောင် ဘာတွေလုပ်ဖို့ရှိနေလဲ ” စသည်ဖြင့် ဆွေးနွေးသွားကြမည်ဖြစ်ပြီး တက်ရောက်သူများကလည်း ဆွေးနွေးမေးမြန်းနိုင်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုသည့်သတင်းစာဆရာများအနေဖြင့် ဖုန်း ၀၉၂၀၂၇၅၁၇ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။

Credit: Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service