ကုန်ပစ္စည်းအရောင်းဆိုင်များ ဖွင့်ရန် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုမှ မြေငှားရမ်း - Property News in Myanmar from iMyanmarHouse.com
1110 Views

ကုန်ပစ္စည်းအရောင်းဆိုင်များ ဖွင့်ရန် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုမှ မြေငှားရမ်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် Makro ROH Co., Ltd ၏ အစုရှယ်ယာ ရာနှုန်းပြည့်ပါဝင်သည့် ARO Commercial Co., Ltd တို့ချုပ်ဆိုသော မြေငှားရမ်းခြင်းဆိုင်ရာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ ၆ ရက်က နေပြည်တော်ရှိ ဝန်ကြီးရုံးညီလာခံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၁၂)ချက်အနက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင်ရွက်ရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာရေးတို့အတွက် မြေငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ကုန်ပစ္စည်းရောင်းချခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုခြင်းဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိပြီး လက်လီလက်ကား အရောင်းဆိုင်များ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Makro ROH Co., Ltd မှ Chief Executive Officer Mrs. Suchada နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က အမှာစကားပြောကြားကြပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ARO Commercial Co., Ltd ဒါရိုက်တာတို့က မြေငှားရမ်းခြင်းစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါ Makro ROH Co., Ltd သည် စားသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲမှုရှိသော ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းအင်ဂျင်နီယာချုပ်ရုံးဝင်းနှင့် ဆန်စက် အပိုပစ္စည်းစက်ရုံဝင်းရှိ မြေဧက ၉ ဒသမ ၂၂ဝ ပေါ်တွင် ကုန်ပစ္စည်းအမျိုးအစား ၈,ဝဝဝ ခန့် ဖြန့်ဖြူးရောင်းချရန်အတွက် ဆိုင်ခွဲ ကိုးခုဖွင့်လှစ်မည်ဖြစ်ပြီး ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများမှထွက်ရှိသောကုန်ပစ္စည်းများနှင့် တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချပေးသွားမည် ဖြစ်သည်။

 

Credit: Myanmar Alinn

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service