ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန် စီမံကိန်း၏ မြေပြင်တည်ဆောက်မှုများ ယခုနှစ်ကုန် စတင်မည် - Property News in Myanmar from iMyanmarHouse.com
1846 Views

ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန် စီမံကိန်း၏ မြေပြင်တည်ဆောက်မှုများ ယခုနှစ်ကုန် စတင်မည်

မြန်မာအစိုးရနှင့် ကိုးရီးယားအစိုးရကြား ပူးပေါင်းဆောင်ရွက်သည့် အမေရိကန်ဒေါ်လာ (၁၁၀)သန်း ကုန်ကျမည့်စီမံကိန်းတစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးရှိ ကိုးရီးယား-မြန်မာ မြို့ပြစက်မှုဇုန် (Korea Myanmar Industrial Complex) စီမံကိန်း အပိုင်း(၁)စတင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

MIC ခွင့်ပြုချက်ရရှိပြီးနောက် စီမံကိန်းဒီဇိုင်းရေးဆွဲမှုကို စတင်သွားမည်ဖြစ်ကြောင်း ယခုနှစ်ကုန်ခန့်တွင် မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရိယာ (၅၅၅)ဧက ကျယ်ဝန်းသည့် အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနှင့် ကိုးရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ရှယ်ယာ (၄၀)ရာခိုင်နှုန်း၊ ကိုးရီးယား အစိုးရက (၆၀)ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် LH ကော်ပိုရေးရှင်း၏ ပြည်ပနိုင်ငံများတွင် Smart City အဖြစ် တာဝန်ယူတည်ဆောက်နေသည့် စီမံကိန်းများအနက် တစ်ခုဖြစ်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MOU) ကို (၂၀၁၅)ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ် (MOA) ကို (၂၀၁၇)ခုနှစ်တွင် ချုပ်ဆိုခဲ့ကာ စီမံကိန်းကာလ (၅)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Credit: အကျိုးဆောင်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service