မြန်မာ - တရုတ် နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူရေး စတင်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
766 Views

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူရေး စတင်ပြင်ဆင်

မြန်မာ-တရုတ်စီးပွား ရေး စင်္ကြံလမ်းနှင့် ဆက်စပ်နေသော မြန်မာ-တရုတ်နယ်စပ်စီးပွားရေးဇုန်အကောင်အထည် ဖော်ရေး ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များအား စိတ်ဝင် စားမှုအဆိုပြုလွှာ ခေါ်ယူရန် ပထမဆုံးအစည်းအဝေးကို မတ်လ ၆ ရက်ကနေပြည်တော်တွင် ကျင်းပခဲ့သည်။

‘‘ဆက်ပြီးတော့ ညှိနှိုင်းအစည်းအဝေးတွေကရှိဦးမယ်။ အခုက စပြီးညှိနှိုင်းတဲ့သဘောပါ’’ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောသည်။

စီးပွားရေးဇုန်အကောင်အထည်ဖော်ရေး စိတ်ဝင်စားမှုအဆို ပြုလွှာခေါ်ယူရေးကို စီးပွား၊ ကူးသန်းဒုဝန်ကြီးဦးအောင်ထူးက ဦးဆောင် ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံအစိုးရများ ဦးဆောင်ပြီး ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် စီးပွားရေး ဇုန်များအကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

မြန်မာ-တရုတ်စီးပွားရေး စင်္ကြံလမ်းနှင့်ဆက်စပ်နေသော အဆိုပါစီးပွားရေးဇုန်များအတွက် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများ နှင့်လည်း ဆက်လက်ညှိနှိုင်းရမည် ဟု ဦးခင်မောင်လွင်က ပြောသည်။

စီးပွားရေးဇုန်အတွင်း ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို နှစ်နိုင်ငံဈေးကွက်သို့ တင်ပို့ခြင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန်ကင်းလွတ်ခွင့်များပေး ရမည့်အစီအစဉ်များလည်း ပါဝင် သည်။

နှစ်နိုင်ငံနယ်စပ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် နှစ်နိုင်ငံလူ မှုဘ၀တိုးတက်ရေး အထောက်အကူပေးနိုင်မည့် မျှော်မှန်းချက် ဖြင့် နယ်စပ်စီးပွားရေးဇုန်များကို အကောင်အထည်ဖော်မည်ဖြစ် ပြီး လက်ရှိအခြေအနေက စီးပွား ရေးဇုန် အကောင်အထည်ဖော်မည့်မြေယာ သတ်မှတ်ခြင်းပင် မဆောင်ရွက်ရသေးကြောင်း ဦးခင်မောင်လွင်က ပြောသည်။

လက်ရှိတွင် စိတ်ဝင်စားမှု အဆိုပြုလွှာများခေါ်ယူရေးသာဦး စွာဆောင်ရွက်နေပြီး မြေနေရာ သတ်မှတ်ရန်လည်း ပြည်နယ်အစိုးရများနှင့် တရုတ်အစိုးရတာ ၀န်ရှိသူများ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရမည်ဟု ၎င်းကဆို သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်ထားသောဒေသများ၌ စီးပွားရေးဇုန်များ ထပ်မံအကောင်အထည်ဖော်မည့်အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း မူဆယ်မြို့ရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင် အချို့က ပြောကြားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service