လမ်းနှင့် ပလက်ဖောင်းများ၌ ကျူးကျော်ထားသူများကို စီမံချက်ဖြင့် ရှင်းမည် - Property News in Myanmar from iMyanmarHouse.com
1085 Views

လမ်းနှင့် ပလက်ဖောင်းများ၌ ကျူးကျော်ထားသူများကို စီမံချက်ဖြင့် ရှင်းမည်

မန္တလေးမြို့တော်၏ မြို့နယ်သုံးခုအတွင်းရှိ လမ်းနှင့် ပလက်ဖောင်းများပေါ်တွင် ပုံစံမျိုးစုံဖြင့် ကျုးကျော်နေမှုများကို မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှစတင်၍ စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့ရှိ လမ်းနှင့် ပလက်ဖောင်းများပေါ်တွင် ပန်းအိုးများ၊ မီးစက်များချထားခြင်း၊ အိမ်ရှေ့ အမိုးအကာအဖီချ၍ ကျူးထားခြင်းနှင့် ဈေးဆိုင်ခန်းတိုးချဲ့ ထားခြင်းအစရှိသော ပုံစံမျိုးစုံဖြင့် ကျုးကျော်နေမှုများကို ဖျက်သိမ်းရန် ယခုလ ၁ ရက်နေ့မှစတင်ကာ အကြောင်းကြားစာများပေးပို့ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“တဖြည်းဖြည်းများပြားလာတယ်။ အခုလို မဖြစ်သင့်တဲ့ အနေအထားတွေကြောင့် မြို့နေလူထုနဲ့ ရဟန်းသံဃာတော်တွေက မြို့ရဲ့ ပလက်ဖောင်းပေါ် လျှောက်လို့မရတော့ဘဲ လမ်းမတန်းပေါ်မှာ ဆင်းလျှောက်ရတော့ ယာဉ်အန္တရာယ်တွေ ထိခိုက်မှုရှိလာမယ်။ မြို့ရဲ့ သာယာလှပမှုကိုလည်း ထိခိုက်စေတယ် ” ဟု ၎င်းက ပြောကြားသည်။

လမ်းနှင့် ပလက်ဖောင်းကျုးများကို ရှင်းလင်းမည်ဆိုပါက မြို့နယ်၏ အဓိကနေရာများသာမက အခြားသော နေရာများရှိ လမ်းများကိုလည်း စနစ်တကျရှင်းလင်းသင့်ကြောင်း၊ နောင်တွင်လည်း ဆက်လက်မကျူးကျော်စေရန် စီမံချက်ဖြင့် စဉ်ဆက်မပြတ် လုပ်ဆောင်သင့်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ကိုလင်းလင်းက ပြောကြားသည်။

“ စမတ်စီးတီးဆိုတာ အခုလို စည်ကမ်းမဲ့လုပ်ရပ်တွေကို စနစ်တကျနဲ့ စည်းကမ်းရှိဖို့ အဓိကထား စီမံဆောင်ရွက်ရမှာ။ လမ်းကျူးဆိုရင် ပိုက်ဆံရှိတဲ့သူက ပိုဆိုးတယ်။ ပြီးတော့ အောက်ခြေဝန်ထမ်းတွေရဲ့ အရင်က စရိုက်တွေလည်း ထိန်းကျောင်း ပြုပြင်ပေးနိုင်မှ အဆင်ပြေမှာ။ သူတို့ ပါမလာရင် ဒီကိစ္စတွေက ဆက်ဖြစ်နေဦးမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့၏ စည်ပင်ပိုင်ဧရိယာနှင့် လမ်းများပေါ်တွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် ကျူးကျော်နေမှုများကို မြင်တွေ့ရမည်ဖြစ်ပြီး မြို့နေလူထုကလည်း မြို့တော်စည်ပင်၏ စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းမည့် လုပ်ဆောင်ချက်ကို ထောက်ခံကြိုဆိုကြသည်။

ယခုမြို့နယ် ၃ ခုတွင် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် အမရပူရမြို့နယ်များအတွင်းရှိ လမ်းနှင့် ပလက်ဖောင်းများကို ကျူးကျော်သူများအား ဆက်လက် ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

Credit: The Voice

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service