မြေညီထပ်အမြင့်ပြောင်းလဲခြင်းကြောင့် အခက်အခဲဖြစ်နေသည့် ကန်ထရိုက်တာများကိုကူညီပေးရန် (MLCA)သို့လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1375 Views

မြေညီထပ်အမြင့်ပြောင်းလဲခြင်းကြောင့် အခက်အခဲဖြစ်နေသည့် ကန်ထရိုက်တာများကိုကူညီပေးရန် (MLCA)သို့လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိနေဟုဆို

မြေညီထပ် အမြင့်ကို ၁၇ ပေအစား ၁၂ ပေ သာ ဆောက်လုပ်ခွင့်ပြောင်းလဲလိုက်ချိန်တွင် အခက်အခဲဖြစ်ပေါ် နေသည့် ကန်ထရိုက်တာများရှိနေ ပြီး ယင်းတို့အခက်အခဲများကို ကူညီပေးရန်(MLCA)သို့ လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်း ချုပ်(MLCA)မှ သိရသည်။

အဆို ပါအခက်အခဲကို မကြာမီကာလအတွင်း ဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီ(ယာ/အုံ)ဌာနမှူးတို့ကပြောကြားထားသည် ဟု မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအသင်းချုပ်(MLCA) ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မတ် ၃ ရက်က Sky Star ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာ အသင်းချုပ် (MLCA)၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

""ကန်ထရိုက်တာတွေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတစ်ခုရှိပါတယ်။တိုက်တွေဆောက်ရင် ၁၇ ပေအမြင့်ကိစ္စပါ။ တချို့ကလည်းစာချုပ်တွေချုပ်ပြီးသွားပါပြီ။ တချို့ ကလည်းအိမ်ရှင်တွေနဲ့လက်မှတ်တွေထိုးပြီးသွားပြီ။ ပိုက်ဆံတွေ လည်းပေးပြီးသွားပြီ။ အပေးအယူတွေလည်း လုပ်ထားတာတွေ ရှိတယ်။ အဲဒီမှာအသင်းသား တွေအားလုံးကိုကြေညာပါတယ်။အခက်အခဲရှိနေတဲ့အမှန်အကန်သတ်မှတ်ထားတဲ့ ဥပဒေအရအခက်အခဲရှိနေတဲ့ကန်ထရိုက်တာ တွေ ကျွန်တော်တို့ဆီကိုတင်ပြပါ။အသင်းကနေတစ်ဆင့် ဆောင် ရွက်မယ်ဆိုပြီးပြောထားတာရှိပါ တယ်။

တိုက်အလုံးပေါင်း ၁၀ဝ ကျော်တင်ပြလာပါတယ်။ အဲ့ဒါကို (ယာ/အုံ)ဌာနမှူးဆီကိုတင်ပြပြီး တော့မှ ကျွန်တော်တို့အတွင်းရေးမှူးက တစ်စိုက်မတ်မတ်နဲ့လိုက်ပြီး တော့မှ ဆောင်ရွက်နေတာ မကြာခင်အချိန်အတွင်းမှ ဒီဟာကို ဆောင်ရွက်ပေးမယ်လို့ဌာနမှူးကပြောသလို မြို့တော်ဝန်ကြီးကလည်းပြောပါတယ်""ဟု ၄င်းကပြော သည်။

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ်(MLCA)ကိုဖွဲ့စည်းရခြင်းသည် အသင်း သားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်သည့်အတွက်အသင်းသားများအနေဖြင့်အခက် အခဲများကိုတင်ပြကာ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဦးကျော် ဝင်းက ပြောသည်။

ယခင်က လမ်းအကျယ်အ ဝန်းနှင့်ကိုက်ညီပါက မြေညီထပ် ကို ၁၇ ပေအမြင့် ဆောက်လုပ် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ၁၂ ပေသာအမြင့်သာ ဆောက်လုပ် ရန် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA) မှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

""ကန်ထရိုက်တာက နဂိုသူ တို့မပြောခင်အချိန်ကစပြီး စာချုပ် ချုပ်ထားတဲ့အလုံးတွေရှိတဲ့အ တွက် အသင်းကိုလာရောက်အကူအညီတောင်းတော့ ဥက္ကဋ္ဌဦးကျော်ဝင်းက ဝန်ကြီးချုပ်ဆီသွားပြီးတော့ တွေ့ဆုံတယ်။ ၁၇ ပေ အမြင့် ဆောက်လုပ်ဖို့ မြေရှင်နဲ့စာချုပ်ချုပ် ထားပြီးဖြစ်တဲ့အတွက် ၁၇ ပေကို တောင်းဆိုတာကို ဝန်ကြီးချုပ်က မြို့တော်ဝန်ကိုစာနဲ့ ချထားပေး လိုက်တယ်။ ၁၇ ပေအမြင့်ကို တကယ်မြေရှင်နဲ့ချုပ်ထားတာ တွေကိုစိစစ်ပြီး ခွင့်ပြုပေးလိုက်ပါ ဆိုပြီး စာနဲ့ပို့ပေးလိုက်တယ်။ သို့ သော်လည်း ကန်ထရိုက်တာတွေ ကခုထက်ထိမရသေးဘူး""ဟု ၄င်း ကပြောသည်။

အဆိုပါနှစ်ပတ်လည် အခမ်းအနားသို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)၏နာယကကြီးများ၊ အသင်းဝင်များ၊ မိတ်ဖက်ညီနောင် အသင်းအဖွဲ့များ၊ ဆောက်လုပ် ရေးလုပ်ငန်းနှင့်ပတ်သက်ဆက် နွှယ်နေသော လုပ်ငန်းရှင်များတက် ရောက်ခဲ့ကြသည်။

Credit: Democracy today

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service