မန္တလေး၌ ရွှေဈေးပြန်ကျ - Property News in Myanmar from iMyanmarHouse.com
934 Views

မန္တလေး၌ ရွှေဈေးပြန်ကျ

စံချိန်တင်မြင့်တက်ခဲ့သော ရွှေဈေးနှုန်းများသည် ဖေဖော်ဝါရီ ၂၀ မှ မတ်လ ၄ ရက်နေ့အထိ ၁၂ ရက်အတွင်း ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်းကျော်ပြန်လည်ကျဆင်းကြောင်း မန္တလေးမြို့ ရွှေဈေးကွက်အတွင်းမှ သိရသည်။

မန္တလေးရွှေဈေးကွက်အတွင်း ဖေဖော်ဝါရ်ီလ ၂၀ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၈၈,၀၀၀ ကျပ်ဖြင့် စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ရာမှ မေလ ၄ ရက်နေ့က တစ်ကျပ်သားလျှင် ၁,၀၅၇,၀၀၀ ကျပ်သို့ ကျဆင်းခဲ့ကြောင်း ထိုသို့ရွှေဈေးနှုန်းများပြန်လည်ကျဆင်းလာသည့်အတွက် ရွှေဆိုင်များတွင် ရွှေပြန်လည်ဝယ်ယူသူ များပြားလာကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှုန်းဆက်တိုက်မြင့်တက်ခဲ့သည့်အတွက် လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်း ကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာသည့်အတွက် ပြန်လည်ကျဆင်းခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

“ ကမ္ဘာ့ဈေးကွက်မှာ ရွှေဈေးကို ဆွဲတင်ရင်တော နည်းနည်းလေး ပြန်တက်လာမယ်။ ဆွဲမတင်နိုင်ရင်တော့ ဆက်ကျသွားမှာပဲ။ လက်ရှိအနေအထားက ခန့်မှန်းရခက်နေတယ် " ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်အမြင့်ဆုံးဈေးသို့ရောက်ရှိခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၃၄၅ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး မတ်လ ၄ ရက်နေ့က ၁၂၉၆ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်။

 

Credit:  The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service