ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ မဲနှိုက်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
6378 Views

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ မဲနှိုက်ရောင်းချ

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိ ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီး သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁)၊ အပိုင်း(၂)ရှိ တိုက်ခန်းများ မဲနှိုက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲတွင် ပြုလုပ်သည်။

ဆက်လက်အကောင်အထည်ဖော်

'' ဝင်ငွေနည်းတဲ့ပြည်သူတွေ ၊ အိမ်ပိုင်မရှိတဲ့ ပြည်သူ တွေကို ဌာနကနေ တန်ဖိုးနည်းအိမ်ရာတွေကို အတတ်နိုင်ဆုံး ဆောက်လုပ်ရောင်းချပေးနေပါတယ်။ နောက်ထပ် အိမ်ရာစီမံကိန်းတွေကိုလည်း ဆက်လက်အကောင် အထည်ဖော်နေပါတယ်။

ဒီနေ့ရောင်းတဲ့အခန်းတွေကCHID Bank မှာ ငွေစုထားတဲ့လူတွေထဲက ကနဦး စုဆောင်းငွေ ၃ဝရာခိုင်နှုန်းနဲ့အထက်ပြည့်တဲ့ အိမ်ရာဝယ်ယူခွင့်ရတဲ့သူတွေကို အားလုံး ဗလာမပါအခန်း တစ်ခန်းစီ မဲနှိုက်ရမှာဖြစ်ပါ တယ်'' ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သိင်္ဂီက ပြောသည်။

ယနေ့ရောင်းချသည့် တန်ဖိုးနည်းတိုက်ခန်း များအား ဂျပန်နိုင်ငံODA Loans အစီ အစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည် အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် ဇန်နဝါရီ ၃၁ရက်က ကနဦးစုဆောင်းငွေ ၃ဝ ရာခိုင်နှုန်းနှင့်အထက် ပြည့်မီသူ ၃၃၅၈ ဦးအနက်မှ ယုဇနအပိုင်း (၁)၊ (၂)မှ ခြောက်ခန်းတွဲ လေးထပ်တိုက်ခန်း ဝယ်ယူရန် အဆိုပြုစာရင်းပေးသူ ၄ဝ၊ ရှစ်ခန်း တွဲလေးထပ်တွင် တိုက်ခန်းဝယ်ယူရန် အဆိုပြု စာရင်းပေးသူ ၄၃ဝ တို့က တိုက်ခန်းများ မဲနှိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ရောင်းချပေးတဲ့အခန်းတွေက ဂျပန်နိုင်ငံ ODA Loans လို့ခေါ်တဲ့ ဂျပန် ချေးငွေပါ။ အတိုးနှုန်းက ရှစ်ကျပ်ခွဲနဲ့ ဘဏ်ချေး တဲ့ငွေနဲ့ ဝယ်ယူခွင့်ရတဲ့အတွက် အတိုးနှုန်း လည်းသက်သာပါတယ်။ ဘဏ်ကတော့ နှစ် ၃ဝ ထိရအောင် ညှိပေးမယ်ပြောပါတယ်။ အခုလောလောဆယ်တော့ ၁၅ နှစ် သတ်မှတ်ထားပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သိင်္ဂီက ပြောသည်။

ထို့ပြင် မတ် ၂ ရက်ကလည်း ကနောင် အိမ်ရာစီမံကိန်းမှ ခြောက်ခန်းတွဲ လေးထပ် တိုက်ခန်းများအား စာရင်းပေးဝယ်ယူသူ သုံးဦး၊ ရှစ်ခန်းတွဲ လေးထပ်တိုက်ခန်းများ စာရင်း ပေးဝယ်ယူသူ ၂ဝ ရှိကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ဂျပန်နိုင်ငံ ODA Loans အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည် အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည့် အိမ်ရာများမှာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအပိုင်း (၂)၊ (၃) အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနအပိုင်း(၁)၊ (၂) နှင့် ကနောင်အိမ်ရာစီမံကိန်းများရှိ တန်ဖိုးနည်းအခန်းများနှင့် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းရှိ တန်ဖိုးသင့်အခန်းများဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၃)နှင့် ဒဂုံဆိပ်ကမ်းမြေတိုင်းရပ်ကွက် (၁၆၈)တွင် အိမ်ခန်းပေါင်း ၂ဝဝဝ ပါဝင်သည့် ရိုးမတန်ဖိုး နည်းအိမ်ရာစီမံကိန်းတို့ကို အကောင်အထည် ဖော် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးပါက ဂျပန်နိုင်ငံ ODA Loans ငွေဖြင့် ဆက်လက်ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။

 

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service