ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခု အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
739 Views

ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခု အကောင်အထည်ဖော်မည်

အစိုးရထံမှ အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အိမ်ရာချေးငွေရယူလိုသူများအတွက် အာမခံချက်နှစ်မျိုးဖြင့် ရောင်းချသွားမည်ဖြစ်ရာ တစ်မျိုးမှာ အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ဝယ်ယူနိုင်မည့်စနစ်ဖြစ်ကြောင်း သိရသည်။ “ နောက်ထပ် အာမခံတစ်ခုကတော့ ဒီအိမ်ကိုဝယ်တဲ့သူကို အာမခံကုမ္ပဏီတစ်ခုမှာ အာမခံထားရေးကိစ္စ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သဘောတူညီချက်လည်း ရထားပြီးပါပြီ “ ဟု ယင်းက ပြောသည်။

ထိုသို့ အကောင်အထည်ဖော်ရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်အာမခံကုမ္ပဏီတစ်ခုဖြင့် ညှိနှုင်းဆောင်ရွက်လျက်ရှိပြီး သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း၊ ထိုအာမခံစနစ်သည် အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူထားသူ သေဆုံးမှု၊ အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် ချေးငွေပြန်လည် မပေးသွင်းနိုင်ပါက ကြားခံအာမခံ ကုမ္ပဏီမှ ကိုယ်စားပေးလျော်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုစနစ်ကို စတင်အသုံးပြုရန်အတွက် စီစဉ်နေပြီး မကြာမီ အများပြည်သူထံ မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: အကျိုးဆောင်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service