မြေဧကပေါင်းလေးသိန်းကျော် တောင်သူများလက်ဝယ် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ကျန်စွန့်လွှတ်မြေများ လယ်သမားများထံ အမြန်ဆုံးရောက်ရှိရန်ဆောင်ရွက်နေဟု သမ္မတပြောကြား - Property News in Myanmar from iMyanmarHouse.com
785 Views

မြေဧကပေါင်းလေးသိန်းကျော် တောင်သူများလက်ဝယ် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ကျန်စွန့်လွှတ်မြေများ လယ်သမားများထံ အမြန်ဆုံးရောက်ရှိရန်ဆောင်ရွက်နေဟု သမ္မတပြောကြား

သိမ်းဆည်းခံလယ်ယာမြေများကို တောင်သူများလက်ဝယ်သို့ ပြန်လည်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိရာ မြေဧကပေါင်းလေးသိန်းကျော်ကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ကျန်စွန့်လွှတ်မြေများ ကိုလည်း တောင်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိရန်လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မတ် ၂ ရက်တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

သိမ်းဆည်းခံလယ်ယာ ခြံမြေများကို ပြန်လည်ရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်အထိ ဧကပေါင်း ၄၂၅၄၀၆ ဧကကို ပြန်လည်စွန့်လွှတ်ပေးအပ်နိုင်ခဲ့ပြီး အဆိုပါမြေများအနက် ဧကပေါင်း ၄၀၆၇၁၉ ဧကအား တောင်သူများလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

ဦးစားပေး

တောင်သူများ၏လူနေမှုဘဝမြင့်မားတိုးတက်ရေးအတွက် မြေပိုင်ဆိုင်ခွင့်လက်မှတ်များကို တစ်နှစ်အတွင်းရရှိရေး၊ လယ်ယာမြေသွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပေး ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည်။

ကြပ်မတ်ဆောင်ရွက်

ဥပဒေမဲ့သိမ်းဆည်းထားသည့်လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွှတ်ပြီးမြေများကို မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံလယ်ယာမြေများကို ကော်မတီအသီးသီးက အမြန်ဆုံးပြန်လည်စိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာ၌ ဖော်ပြပါရှိသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service