Local Property News | Posted by Si Thu Aung
အိမ် ခြံ မြေလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရန်အတွက် မြန်မာ နိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် (MLCA)နှင့် မြန်မာ နိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)တို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန် လွှာ(MoU)ကို ဖေဖော်ဝါရီ ၂၇ ရက်က ရေးထိုးခဲ့ပြီး လက်မှတ်ရေး ထိုးပွဲကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) ရုံး၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ဥက္ကဋ္ဌ ဦးတင်မောင် က " မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ မူလရည်ရွယ်ချက်မှာ အိမ်ခြံမြေ လုပ်ငန်းနဲ့ ဆက်စပ်တဲ့အသင်းအ ဖွဲ့ လုပ်ငန်းတွေ ဆွေးနွေးညှိနှိုင်း ပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ပါ ပါတယ်။ ဒါကြောင့် ဒီကနေ့ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်သည် ပြည်သူတွေရဲ့ နေရေးနဲ့ပတ်သက်လို့ အဆောက် အအုံ ဆောက်လုပ်တဲ့ လုပ်ငန်းကို လုပ်တာဖြစ်တဲ့အတွက် အိမ်ခြံမြေ လုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းဖြစ် ပြီး သွေးသားညီအစ်ကိုဆိုလည်း မမှားဘူး။ ဒါကြောင့်မို့ MoU ရေး ထိုးရခြင်းရဲ့ အဓိကရည်ရွယ်ချက် က ဒါပါပဲ။ တစ်ဖက်နဲ့တစ်ဖက် မတူညီတဲ့ပညာရပ်တွေကို တစ်ဖက်နဲ့ တစ်ဖက်ဖလှယ်ခြင်းအားဖြင့် အသင်းနှစ်သင်း ပူးပေါင်းဆောင်ရွက်ခြင်း သည် လူတန်းစားတစ်ခုရဲ့ အကျိုးစီးပွားကို ကိုက်ညီစေနိုင်သလိုပြည်သူ တွေအတွက် သက်သာချောင်ချိတဲ့ အိမ်ရာတွေ သင့်တင့်မျှတတဲ့ တန်ဖိုး နည်းအိမ်ရာတွေကို ဖော်ထုတ်နိုင် ဖို့အတွက် အင်မတန်မှအရေးပါတဲ့ နေ့တစ်နေ့လို့ပြောလိုပါတယ် " ဟု ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ယင်းလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)နှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)တို့သည် အပြန်အ လှန် သင်တန်းများပို့ချပေးခြင်း၊ လိုအပ်သောအကူအညီများပေး ခြင်း၊ ပြည်သူများအတွက် သက်သာချောင်ချိသောအိမ်ရာများ၊ သင့်တင့်မျှတသည့် တန်ဖိုးနည်း အိမ်ရာများကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးတင်မောင်က " မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်က လိုအပ်တဲ့အိမ်ခြံ မြေတွေနဲ့ပတ်သက်လို့ အန်ကယ် တို့က ဘယ်နေရာမှာဆောက်ရင်ဘယ်လိုဖြစ်နိုင်တယ်။ ဘယ်နေရာ မှာကတော့ မြေသားတွေပျော့ တယ်။ ဘယ်နေရာမှာတော့ပိုင်ဆိုင် မှုအနေနဲ့မခိုင်မာဘူး။ ဘယ်နေရာ မှာတော့ ပိုင်ဆိုင်မှုခိုင်မာတယ် စသည်ဖြင့် လိုအပ်လို့အကူအညီ တောင်းရင် ပေးဖို့အဆင်သင့်ပြင်ထား ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အသုံးမချတဲ့ လယ်မြေတွေ၊ အသုံးမချတဲ့ယာမြေ၊ တောင်ကုန်း၊ ပလပ် မြေတွေအများကြီးရှိတယ်။ ဒါ ကြောင့် နိုင်ငံရပ်ခြားကနေရင်းနှီး မြှုပ်နှံမှု လာလုပ်မယ်ဆိုရင် လုပ်နိုင် တဲ့မြေတွေအများကြီးရှိပါတယ်။ ဆောက်လုပ်ရေးအနေနဲ့လည်း အဲဒီ လိုနေရာမျိုးမှာအကောင်အထည်ဖော်လို့ရှိရင် နိုင်ငံတော်အစိုးရအနေ နဲ့ တိုင်းရင်းသား ပြည်သူတွေထဲမှာ အိမ်ရာမြေမရှိတဲ့သူတွေအတွက် ကို တန်ဖိုးအနည်းဆုံးနည်းနဲ့ စဉ်း စားပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ရှာဖွေ ပေးနိုင်ပါတယ် " ဟု ပြောသည်။
Credit: The kumudra