နေပြည်တော်သံတမန်ဇုန်တွင် တရုတ်အပါအ၀င် သုံးနိုင်ငံ မြေနေရာစာချုပ်ချုပ်ဆိုတော့မည် - Property News in Myanmar from iMyanmarHouse.com
2437 Views

နေပြည်တော်သံတမန်ဇုန်တွင် တရုတ်အပါအ၀င် သုံးနိုင်ငံ မြေနေရာစာချုပ်ချုပ်ဆိုတော့မည်

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ သံရုံး ပြောင်းရွှေ့ရန် တရုတ်အပါအ၀င် သုံးနိုင်ငံနှင့် မကြာမီမြေနေရာ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှဦးမင်းသူက ပြောသည်။

ကာတာ၊ ဆော်ဒီနှင့် မြေ နေရာစာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် သံရုံးမြေနေရာလဲ လှယ်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

‘‘ဒီအဆင့်တွေတော့ သုံးနိုင်ငံတော့ရှိသွားပြီ။ စာချုပ်ချုပ်ဆို မယ့် အနေအထားက မကြာခင် ချုပ်ဆိုနိုင်တော့မယ်’’ ဟုဦးမင်းသူက ပြောသည်။

အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ နီပေါ၊ စင်ကာပူ၊ တူရကီ၊ ဩစတြေးလျ၊ အမေရိကန်၊ ကူဝိတ်၊ ရုရှား၊ အင်ဒိုနီးရှားအပါအ၀င် ၁၉ နိုင်ငံက မြေနေရာအဆိုပြုထား ကြောင်း ၎င်းကဆက်ပြောသည်။

နေပြည်တော်သံတမန်ဇုန် တွင် တည်ဆောက်ရန်ဒီချုပ်အစိုး ရလက်ထက်၌ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် ငှားရမ်းစာချုပ် ချုပ်ဆိုထား ကြောင်း ဦးမင်းသူက ပြောသည်။

သံတမန်ဇုန်သည် ဒက္ခိဏသီရိမြို့နယ်ရှိ မြေဧက ၁,၅၅၀ အကျယ်တွင် မြေကွက် ၁၂၀ ဖော်ထားပြီး လက်ရှိတွင် လမ်း၊ ရေနှင့် လျှပ်စစ်မီးရရှိရန်အဆင်သင့် ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

သံတမန်ဇုန်သည် ဒက္ခိဏသီရိမြို့နယ် Junction ကုန်တိုက် အနောက်၌ တည်ရှိပြီး သံရုံး နေရာတစ်ကွက်လျှင် ခန့်မှန်း ငါးဧကရှိကာ တစ်ဧက ဒေါ်လာ ငါးသိန်းနှုန်းဖြင့် နှစ်(၅၀) ဂရန် ပေးမည်ဖြစ်သည်။

ရန်ကုန်မြို့ အခြေစိုက်နိုင်ငံ ခြားသံရုံးများကို နေပြည်တော်သံ တမန်ဇုန်သို့ ပြောင်းရွှေ့ဖွင့်လှစ် နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ဦးဆောင်၍ ညှိ နှိုင်းအစည်းအဝေးပြုလုပ်ထား သည်။ ရန်ကုန်မြို့တွင် သံရုံးလာ ရောက်ဖွင့်လှစ်ထားသည့် နိုင်ငံ ၄၆ နိုင်ငံရှိကြောင်း ဦးမင်းသူက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service