ခရီးသွားလုပ်ငန်းလိုင်စင်ထုတ်ပေးရန် ကြန့်ကြာခြင်းသည်နည်းဥပဒေမထွက်သေးခြင်းကြောင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
639 Views

ခရီးသွားလုပ်ငန်းလိုင်စင်ထုတ်ပေးရန် ကြန့်ကြာခြင်းသည်နည်းဥပဒေမထွက်သေးခြင်းကြောင့်ဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားလုပ်ငန်း လိုင်စင်များ ထုတ်ပေးရန် ကြန့် ကြာနေခြင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနည်းဥပဒေများ ထွက်ရှိမလာသေးခြင်းကြောင့် ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

၂၀၁၈ စက်တင်ဘာတွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအရ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ၏ လိုင်စင်ကို ပြည်ထောင်စုအစိုးရအစား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များက စိစစ်ချပေးရမည်ဖြစ်သည်။

လက်ရှိ၌ ခရီးသွားလုပ်ငန်း လိုင်စင် လျှောက်ထားရာတွင် ကြန့်ကြာနေသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။

‘‘ဥပဒေက ထုတ်ပြန်ပြီးပြီ။ နည်းဥပဒေပြီးမှ အသက်ဝင်တာ။ ထုတ်ပြန်ပြီးရင်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ လိုင် စင်နဲ့ တည်ဆောက်ခွင့်တွေ ပေးလို့ရပါပြီ’’ဟု ဦးမြင့်ထွေးက ပြော ကြားသည်။

လက်ရှိ၌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် လုပ်ငန်း လည်ပတ်နေဆဲဖြစ် သည့် ခရီးသွားကုမ္ပဏီများကို လုပ် ငန်းဆက်လက်လည်ပတ်နိုင်ရန် ယာယီလိုင်စင်များ ထုတ်ပေးနေသည်ဟု ၎င်းက ပြောသည်။

‘‘လမစေ့ဘဲ မွေးသလိုဖြစ် နေတာပေါ့နော်။ လစေ့အောင် ခဏလေးတော့ စောင့်ရမှာပေါ့။ အမျိုးသားအဆင့် အစည်းအဝေး လုပ်ဖို့လည်းရှိတယ်။ အဲဒီမှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် တွေနဲ့ ညှိကြမှာပါ။ အချိန်မကျ သေးတော့လည်း တချို့နေရာ တွေမှာ အဆင်သင့်မဖြစ်သေးတော့ အခက်အခဲတော့ရှိမှာပါ။ ဒါပေမဲ့ နောက်တော့ အဆင်ပြေ သွားပါလိမ့်မယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြော သည်။

ခရီးသွားကဏ္ဍတွင် ဧည့် လမ်းညွှန် လုပ်ငန်းလိုင်စင်၊ ခရီး သွားလာသူများ ပို့ဆောင်ရေးလုပ် ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ဟိုတယ်တည်ဆောက်မှုနှင့် ပြုပြင်မွမ်းမံခြင်း ခွင့်ပြုချက်တို့ကို ယခင် က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တိုက်ရိုက်ကိုင် တွယ်ခဲ့သည်။

Credit: 7Daydaiily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service