တန်ဖိုးနည်းတန်ဖိုးသင့် ဝယ်ယူခွင့်ရသူတွေ အမြန်နေထိုင်ခွင့်ရဖို့ စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1068 Views

တန်ဖိုးနည်းတန်ဖိုးသင့် ဝယ်ယူခွင့်ရသူတွေ အမြန်နေထိုင်ခွင့်ရဖို့ စီစဉ်နေ

ရန်ကုန်တိုင်းအစိုးရကရောင်းချတဲ့တန်ဖိုးနည်းတန်ဖိုးသင့်တိုက်ခန်းတွေကို ဝယ်ယူခွင့်ရသူတွေအတွက် အမြန်နေထိုင်ခွင့်ရရှိဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဒေါ်နီလာကျော်ကပြောပါတယ်။

တန်ဖိုးနည်းတန်ဖိုးသင့်တိုက်ခန်းတွေကိုဝယ်ယူခွင့်ရသူတွေအနေနဲ့ ကနဦးပေးသွင်းငွေ ၂၀ ရာခိုင်နှုန်း ကိုပေးပြီးပေမယ့်လည်း နေရာချထားပေးမှုမရှိသေးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ဖေဖော်ဝါရီ ၂၅ ရက်ကလွှတ်တော်မှာ မေးခဲ့တာပါ။

အဲဒီ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ အပြီးသတ်ညှိနှိုင်းနေတယ်လို့ ရန်ကုန်တိုင်းလျှပ်စစ်၊စက်မှုလက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

အိမ်ရာတိုက်ခန်းတွေဝယ်ယူခွင့်ရသူတွေထဲက လက်ငင်းပေးချေတဲ့သူတွေကိုတော့ ရောင်းချပြီးဖြစ်ပေမယ့် အိမ်ရာအပေါင်ချေးငွေစနစ်နဲ့ဝယ်ယူသူတွေအတွက် ပုံမှန်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအစား ၈ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ချေးပေးနိုင်ဖို့ ဂျပန်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

တစ်ချို့အိမ်ရာတွေထဲက လူနေထိုင်မှုမရှိတဲ့တိုက်ခန်းတွေမှာ ပျက်စီးမှုတွေဖြစ်နေတယ်လို့လည်း ဦးကျော်ထွန်းက မေးခွန်းမှာထည့်သွင်းပြောခဲ့ပါတယ်။

အဲဒီ့ပျက်စီးမှုတွေကိုတော့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့အစီစဉ်နဲ့ ပြုပြင်ပေးမယ်လို့ ဝန်ကြီးဒေါ်နီလာကျော်ကပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ဒဂုံဆိပ်ကမ်း၊လှိုင်သာယာ၊ရွှေပြည်သာ၊မြောက်ဥက္ကလာစတဲ့မြို့နယ်တွေမှာရှိတဲ့ တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာတိုက်ခန်းရှစ်ရာကျော်ကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service