ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်း သဘာဝဘေးဒဏ် ခံနိုင်ရည်မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
1147 Views

ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်း သဘာဝဘေးဒဏ် ခံနိုင်ရည်မရှိဟုဆို

ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝ ဘေးဒဏ်ခံနိုင်ရည်မရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

သဘာဝဘေးအန္တရာယ် တစ်မျိုးမျိုး ကြုံတွေ့မည်ဆိုပါက မြို့ နေထိုင်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနိုင်သည်ဟု ၎င်းက ဆိုသည်။ ၂၀၁၄ သန်း ခေါင်စာရင်းအရ ရန်ကုန်မြို့ နေ ထိုင်သူများ၏ အိမ်ရာစုစုပေါင်း တွင် ၂၅ ရာခိုင်နှုန်းသည် စံချိန်မီ တည်ဆောက်ထားသည်ဟု ၎င်း က ဆိုသည်။ ထို့အပြင် မိသားစု ပေါင်း တစ်သိန်းခွဲ၊ လူဦးရေ ငါး သိန်းခန့်ကလည်း ကျူးကျော်တဲ များတွင် နေထိုင်နေရသည်ဟု ဦးမြင့်နိုင်က ယမန်နေ့တွင် ဖွင့် လှစ်သည့် ရန်ကုန်မြို့ပြ ပြခန်းဖွင့် ပွဲ၌ ပြောသည်။

‘‘ ဒါက ပကတိအခြေအနေ မှန်ပါပဲ ’’ဟု ဦးမြင့်နိုင်က ဆိုသည်။ထိုအခြေအနေများကို ကျော်လွှား နိုင်ရန် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး တိုင်းအစိုးရက ကာလလတ်မူဝါဒသုံးရပ် ချမှတ်ထားသည်။ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ပိုမိုထုတ်လုပ်နိုင်ရေး၊ အိမ်ရာကဏ္ဍအတွက် အာမခံချက်ရှိသည့် ဘဏ္ဍာရေးတစ်ရပ် ထူထောင်နိုင်ရေး၊ အိမ်ရာကဏ္ဍလိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးတို့ကို ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်တိုင်းတွင် အိမ်ရာ လိုအပ်ချက် ကြီးမားပြီး ထုတ်လုပ် နိုင်မှုပမာဏ နည်းပါးသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ရန်ကုန် မြို့အိမ်ရာအခြေအနေစစ်တမ်း တွင် ဖော်ပြထားသည်။ တိုင်း အစိုးရနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၏ တောင်းဆိုချက် အရ အာရှဖွံ့ဖြိုးရေးဘဏ်က ယင်းစစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အိမ်ခြံမြေနှင့် ပတ်သက်သည့် ဥပဒေများ ရှုပ်ထွေးမှု၊ အိမ်ရာကဏ္ဍသို့ ဘဏ္ဍာငွေကြေး စီးဆင်းမှု အားနည်းချက်၊ အိမ်ရာ နှင့် ပတ်သက်သော သတင်းအချက်အလက်များ မရှိခြင်း အခြေ အနေမျိုးကို ရန်ကုန်မြို့တွင် ကြုံ တွေ့နေရသည်ဟု ဆိုထားသည်။

အရပ်သား အစိုးရလက်ထက်တွင် တည်ဆောက်သည့် အဆောက်အအုံအချို့၌ သဘာဝ ဘေးတွက်ချက်ပြီး တည်ဆောက် မှုများလည်းရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က ပြောသည်။ သို့သော် ၂၀၁၀မတိုင်မီက တည်ဆောက်ခဲ့သည့်အိမ်ရာအချို့တွင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ကို ထည့်သွင်းတွက်ချက် တည်ဆောက်မှုနည်းခဲ့ကြောင်း ကန်ထရိုက်တာတစ်ဦး က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service