ရထားဘူတာသစ် တည်ဆောက်ရန် သန်လျင်တံတား (တံတားဟောင်း) အနီး စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1617 Views

ရထားဘူတာသစ် တည်ဆောက်ရန် သန်လျင်တံတား (တံတားဟောင်း) အနီး စီစဉ်နေ

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ သန်လျင်တံတား (ယခင်တံတားဟောင်း) အနီး၌ ရပ်စခန်း ရထားဘူတာသစ် တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ရထားဘူတာ တည်ဆောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ယမန်နေ့က ယင်းနေရာသို့ သွားရောက်၍ မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

'' အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးဆောင်တဲ့ အဖွဲ့တွေ ဒီမနက်မှာ သန်လျင်တံတားထိပ်က ဘူတာသစ်တည်ဆောက်မယ့် နေရာကိုသွားပြီး မြေပြင်အနေအထား၊ အကျယ်အဝန်းတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာကြည့်ရှုခဲ့ပါတယ် '' ဟု ၄င်းက ပြောသည်။

ယင်းဘူတာ ဆောက်လုပ်မည့် နေရာသည် သန်လျင်မြို့နယ်ရှိ အောင်သုခဘူတာနှင့် သာကေတမြို့နယ်ရှိ ကွေ့မဘူတာကြား၌ ရှိပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအနီးတွင် ရှိသဖြင့် ရထားစီးနင်းသူများ အဆင်ပြေစေမည် ဖြစ်ပါသည်။

ထို့ပြင် YBS ယာဉ်လိုင်းများဖြင့် ချိတ်ဆက် သွားလာနိုင်မည် ဖြစ်၍ ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် အထောက်အကူပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဒီနေရာမှာ တည်ဆောက်ဖို့ လျာထားတာက သန်လျင်နဲ့ မြို့ထဲကို RBE ရထားပြေးဆွဲဖို့ပါ။ တံတားမှာ ကားပျက်တာကြောင့်ပဲဖြစ်ဖြစ်၊ ယာဉ်ကြောပိတ်ဆို့တာကြောင့်ပဲ ဖြစ်ဖြစ် သွားလာတဲ့ ခရီးသည်တွေအတွက် အဆင်ပြေအောင် စီစဉ်ပေးတာပါ။ သန်လျင်ကနေ မြို့ထဲကို ရောက်ရင် ကားပြောင်း စီးမယ်ဆိုရင်လည်း အဆင်ပြေမယ့်နေရာ ဖြစ်တာကြောင့် အသေးစိတ် အခြေအနေတွေကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်'' ဟု ၄င်းက ပြောသည်။

ရပ်စခန်းဘူတာသစ် တည်ဆောက်ရန် ကွင်းဆင်း ကြည့်ရှုရာတွင် လွှတ်တော်ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

Credit: Myawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service