မဟာအောင်မြေမြို့နယ် အိမ်ခြံမြေအချို့ အရောင်းအဝယ်လိုက်နေ - Property News in Myanmar from iMyanmarHouse.com
1249 Views

မဟာအောင်မြေမြို့နယ် အိမ်ခြံမြေအချို့ အရောင်းအဝယ်လိုက်နေ

သည်ရက်ပိုင်း မဟာအောင်မြေမြို့နယ် အတွင်းရှိ အိမ်ခြံမြေအချို့ အရောင်းအဝယ်လိုက်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။

အထူးသဖြင့် မြို့နယ်အနောက်ပိုင်း က ရပ်ကွက်တွေမှာ အရောင်းအဝယ်လိုက်နေတာ ဖြစ်ပါတယ်။

“ဒီဘက်က ဝိုင်းအကျယ်ကြီးတွေ ရှိတာများတယ်။ဒါတွေကို ပိုင်းရောင်း၊ စိတ်ရောင်းတာ၊အရောင်းအဝယ်ကဖြစ်တယ်၊ ဈေးတန်းကတော့ သိပ်အများကြီးမဟုတ်ဘူး၊သိန်း ၅ဝဝ အောက်နဲ့ ၁ဝဝဝ ကြားလောက်ပဲ”လို့ နယ်ခံ အကျိုးဆောင်က ပြောပါတယ်။

သည်နေရာတွေဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးနဲ့အဓိက ကျောက်စိမ်းရောင်းဝယ်ရာနေရာတစ်ခုဖြစ်တဲ့ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ နီးကပ်တာ၊ မဟာအောင်မြေမြို့နယ် သန်လျက်မှော် အနောက်ရှိ ယခင်သားသတ်ရုံဟောင်း မြေနေရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ယခုထက်ပိုမိုဈေးကွက်ကောင်းမွန်ဖို့ရှိနေတာ၊လူနေအကွက်အကွင်း ကောင်းမွန်တာ စတာတွေကြောင့်လည်း ဝယ်သူစိတ်ဝင်စားမှုမြင့်တက်ပြီးနောက်ပိုင်း အဆိုပါနေရာဝန်းကျင်က ရပ်ကွက်တွေရှိမြေတွေဈေးတက်လာတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်က ဈေးကစားဖို့ဝယ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ်နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက်ဖြစ်တယ်၊စံချိန်တင် အရောင်းအဝယ်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ရဲ့ ယခုနှစ် အရောင်းအဝယ်အခြေအနေဟာ မြို့တွင်း အကွက်ကောင်းတဲ့နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ အရောင်းအဝယ်ပြန်လိုက်စ ပြုနေတယ်၊အေးစက်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်အနေအထား အရောင်းအဝယ်ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အ ချို့က ခန့်မှန်းပြောဆိုပါတယ်။

Credit: The kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service