စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကွန်ဒိုနှင့်လုံးချင်း အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
812 Views

စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကွန်ဒိုနှင့်လုံးချင်း အရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyammarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ iGREEN Development ၏ ကွန်ဒိုနှင့်လုံးချင်းများအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃ ရက်တိုင်တိုင်) စင်္ကာပူနိုင်ငံ ၊ ပင်နီဆူလာပလာဇာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအရောင်းပြပွဲအတွင်း 20% Discount အထိ လျှော့ဈေးများ ၊ လပေါင်း (၆၀)အထိ အတိုးမဲ့အရစ်ကျစနစ် နှင့် 6% အတိုးနှုန်းဖြင့် နှစ်ရှည်ပေးသွင်းစနစ်များဖြင့်ရောင်းချပေးခဲ့ရာ ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ ဒီအရောင်းပြပွဲမှာ စမ်းချောင်း ၊ လှိုင် ၊ ကမာရွတ် ၊ အင်းစိန် ၊ ရန်ကင်း ၊ သင်္ဃန်းကျွန်း နှင့် ဗဟန်းမြို့နယ်များရှိ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒို နှင့် လုံးချင်းအိမ်များကို ရောင်းချပေးခဲ့ပါတယ်။ ဆောက်ပြီးသားအလုံးတွေအတွက် ၂၀% စရံချပြီးတာနဲ့ အခန်းအပ်ပေးပါတယ်။ ဆောက်လက်စအလုံးတွေအတွက် အတိုးမဲ့အရစ်ကျစနစ်ဖြင့် ၃၀% ကို ပေးသွင်းစေပြီး အခန်းအပ်ပေးပါတယ်။ ကျန်ငွေကို Developer Financing ဖြင့် ၁၅ နှစ်အထိ နှစ်ရှည်ပေးသွင်းခွင့်ပေးခဲ့ပါတယ်။ နှစ်စဉ်အတိုးနှုန်းက 6% ပါ။ " ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

" အခုလိုမျိုး Developer တစ်ဦးချင်းစီ၏ အိမ်ခြံမြေတွေကို စင်္ကာပူရောက် မြန်မာလူမျိုးများအတွက် မကြာခဏ လာရောက်ရောင်းချပေးသလို Developer အများစုစည်းပြီး မြန်မာပြည်အနှံ့အပြားရှိ အိမ်ခြံမြေတွေကို ရောင်းချတဲ့ အရောင်းပြပွဲကြီးများကို ၂၀၁၅ ခုနှစ်ကတည်းက စင်္ကာပူမှာ နှစ်စဉ်ကျင်းပလျှက်ရှိပါတယ်။ ယခုလာမည့် မတ်လ ၂ ရက် နှင့် ၃ ရက်နေ့များတွင် သိန်း ၂၀၀ ကျော်မှစတင်သည့် အိမ်ခြံမြေများကို စင်္ကာပူနိုင်ငံ ၊ ပင်နီဆူလာပလာဇာအနီးရှိ The Capitol Kempinski Hotel မှာ ကျင်းပသွားမှာဖြစ်လို့ လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ကြားချင်ပါတယ် " ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service