မြန်မာတွင် ရင်းနှီးမြှုပ်နှံရေး တိုကျိုရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဂျပန်လုပ်ငန်းရှင်များကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
895 Views

မြန်မာတွင် ရင်းနှီးမြှုပ်နှံရေး တိုကျိုရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဂျပန်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် မြန်မာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ အလားအလာများ ကို ဂျပန်စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော်ကို ကော်မရှင်အတွင်း ရေးမှူး ဦးအောင်နိုင်ဦးက ရှင်းပြ ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် ဖိတ်ခေါ်ခဲ့သည်။

စီးပွားရေးလုပ်ငန်း ၁၁၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာတွင် ထပ်မံရင်းနှီး မြှုပ်နှံရန်ရည်ရွယ်၍ ဖိုရမ်တွင် ဆွေးနွေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အာဆီယံ - ဂျပန် စင်တာတွင် ပြုလုပ်မည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ဂျပန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း ဖြစ်သည်။

မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖြေလျှော့မှုနှင့် မြှင့်တင်ရေး ဆောင် ရွက်မှု အခြေအနေများကိုလည်း မြန်မာနိုင်ငံမှ သွားရောက်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူအချို့က ဂျပန်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးလုပ်ငန်း ကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်စီးပွားရေးသမား များက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ် နှံလို၍ လာရောက်စုံစမ်းမှုများရှိ ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ နှစ် ကုန်အထိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်ရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၈၇ ဘီလီယံကျော်တွင် ဂျပန်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုက ၁ ဒသမ ၅ ရာခိုင်နှုန်းကျော်သာရှိသည်။

ထို့ကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံ မှုများ မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သက် ဆိုင်ရာအစိုးရအရာရှိများက ဂျပန်စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service