Local Property News | Posted by Si Thu Aung
အစိုးရ ၂၅ ရာခိုင်နှုန်း၊ ကုမ္ပဏီ ၇၅ ရာခိုင်နှုန်း ညှိနှိုင်းထားဟုဆို
ရန်ကုန်မြို့သစ်တည်ဆောက်ရန် မြေသိမ်းဆည်းမှု ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီး မြေပြင် တည်ဆောက်ရေး လုပ်ငန်းများမကြာမီ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်မြို့ သစ်စီမံကိန်း၏ အပြီးသတ် Master Plan (မဟာဗျူဟာစီမံကိန်း) နှင့်ပတ်သက်ပြီး စီမံကိန်းရေးဆွဲခဲ့သည့် AECOM စင်ကာပူကုမ္ပဏီက ဆွေးနွေးတင် ပြခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
‘‘ ဒီမြေတွေကို လျော်ကြေး ပေးလိုက်တာနဲ့တည်ဆောက်ရေး လုပ်ငန်းတွေ စလာမှာဖြစ်ပါတယ်။ တည်ဆောက်ရေးစတာနဲ့ မြို့ပြ Master Plan လိုလာမှာ ဖြစ်ပါတယ် ’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
စီမံကိန်းစတင်ရန်ပြီးခဲ့သည့် လွှတ်တော်ကသဘောတူညီ ထားပြီး ဒေသခံများ၏ သဘောထားလည်း ကောက်ခံထားသည် ဟုဆိုသည်။
ယခုစီမံကိန်းသည် အကြမ်း ဖျင်းအားဖြင့် ကန်ဒေါ်လာငါးဘီ လီယံကုန်ကျမည်ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးအတွက် အစိုးရကတစ် ပြားတစ်ချပ်မျှ အကြွေးယူမည်မဟုတ်ကြောင်းနှင့် လုပ်ငန်းရှင်များ အတွက် ဘဏ်တွင်ချေးငွေအာ မခံပေးသော်လည်း ပြဿနာဖြစ်ပါက တိုင်းအစိုးရလုံးဝပြန်ဆပ် ရန်မလိုကြောင်းလည်း NYDC (ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ်) ဦးသိမ်းဝေကပြောသည်။
မကြာမီ တည်ဆောက်ရေး လုပ်ငန်းများ၌ တရုတ် CCCC ကုမ္ပဏီနှင့် တည်ဆောက်ရာတွင် လုပ်ငန်းခြောက်ခုအတွက် ကန်ဒေါ်လာ ၁ဒသမ၆ ဘီလီယံရှိ သည်။ ထိုထဲတွင် အစိုးရက မြေ ယာတန်ဖိုး ၈ ရာခိုင်နှုန်းစိုက်ထည့်ထားပြီး ကုမ္ပဏီက ၉၂ ရာခိုင်နှုန်း ငွေကြေးစိုက်ထုတ်မည်ဟု ဦးသိမ်းဝေကဆိုသည်။ သို့သော်အစိုးရ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီ ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ညှိနှိုင်းထားသည်ဟုဆိုသည်။ ထို ၂၅ ရာခိုင်နှုန်းမှာ ၁၅ နှစ်အတွင်း အမြတ်ငွေ ကန်ဒေါ်လာ သန်း ၄၅၀ ခန့် ရမည်ဟုဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့တစ်ဖက်ကမ်းရှိမြေ ဧက ၂၀,၀၀၀ ကျော်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေ ခြင်းဖြစ်သည်။
Credit: 7Daydaily