လှိုင်သာယာနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ တိုက်ခန်း ၁၅၀၀ ကျော်ကို ရောင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
6644 Views

လှိုင်သာယာနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ တိုက်ခန်း ၁၅၀၀ ကျော်ကို ရောင်းပေးမည်

ရန်ကုန်တိုင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဆောက်လုပ်ထားသော တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၁၅၀၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါတိုက်ခန်းကိုဝယ်ယူရန် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီသူ ၃၃၅၇ ဦးရှိကြောင်း၊ ဝယ်ယူလိုသူများအနေနှင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား၍ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း မြို့ ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ CHID မှာ စုထားတာ သိန်း ၃၀ အထက်ရှိသူတွေ မဲနှိုက်ဝယ်ယူခွင့် ရှိပါတယ်။ သူတို့အမည်စာရင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကြေညာပေးမယ်။ မဲနှိုက်ရမယ့်နေ့ကိုလည်း အဲဒီနေ့မှာ ကြေညာပေးမယ် ”ဟု ၎င်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာအပိုင်း - ၂ မှ ၂၈၁ ခန်း၊ ရွှေလင်ဗန်း အိမ်ရာအပိုင်း - ၃ မှ ၁၇၄ ခန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း - ၁ မှ ၁၇၅ ခန်း၊ ယုဇနအိမ်ရာ အပိုင်း - ၂ မှ ၆၃၉ ခန်း၊ ကနောင်အိမ်ရာ စီမံကိန်းမှ ၂၄၃ ခန်း၊ လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းမှ တန်ဖိုးသင့်တိုက်ခန်း ၁၀ ခန်း ရောင်းချပေးရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်ထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ခန့်ရှိပြီး အိမ်ရာဝယ်ယူရန်ငွေစုထားသူများထံမှ ကျပ် ၂၂ ဘီလီယံကျော် ရထားပြီဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service