အတိုးနှုန်းသက်သာသည့် ဂျပန် ODA ချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
2112 Views

အတိုးနှုန်းသက်သာသည့် ဂျပန် ODA ချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်နိုင်မည်

အခြေခံဝင်ငွေနည်းပြည်သူများ အိမ်ရာပိုမိုပိုင်ဆိုင်ခွင့် ရရှိနိုင်စေရေးအတွက် အတိုးနှုန်းသက်သာသော ဂျပန် ODA နှစ်ရှည်အိမ်ရာချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) ထံမှ သိရသည်။

အဆိုပါ ဂျပန် ODA ချေးငွေအစီအစဉ်သည် လတ်တလော CHID ဘဏ်က ထုတ်ချေးပေးနေသော အိမ်ရာချေးငွေထက် အတိုးနှုန်းသက်သာမည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း ၁၅ နှစ်ဖြစ်ကြောင်း ယင်းဘဏ်၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။

“ဒီချေးငွေက ဝင်ငွေနည်းပြည်သူတွေအတွက် အဓိကရည်ရွယ်ပြီးတော့ ထုတ်ချေးပေးတာ၊ တန်ဖိုးနည်းအိမ်ရာတွေတော့ အကုန်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါချေးငွေ၏ ပထမအဆင့်အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဖြစ်သော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း ၁၊ ၂ နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းတို့ရှိ အခန်းပေါင်း ၁၅၀၀ ကျော်ကို ရောင်းချသွားမည်ဖြစ်သည်။

ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေပြည့်မီသူများသည် အထက်ပါအိမ်ရာစီမံကိန်းရှိ အခန်းများကို လျှောက်ထားဝယ်ယူနိုင်ပြီး အိမ်ရာစုဆောင်းငွေပြည့်မီသူများ၏ အမည်စာရင်းနှင့် ရောင်းချမည့်အစီအစဉ်များကို CHID ဘဏ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအနက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ အပိုင်း (၂) တွင် ရှစ်ခန်းတွဲလေးထပ်၊ ရွှေလင်ပန်းအပိုင်း (၃) တွင် ခြောက်ခန်းတွဲလေးထပ်၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ် ယုဇနအိမ်ရာ အပိုင်း (၁) တွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ အပိုင်း (၂) ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲ လေးထပ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကနောင်အိမ်ရာတွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်အဆောက်အအုံများဖြစ်သည်။

တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းဖြစ်ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service