မြိတ်ကျွန်းစုဒေသခရီးစဉ် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ် ၅၀၀၀ စကောက် - Property News in Myanmar from iMyanmarHouse.com
5895 Views

မြိတ်ကျွန်းစုဒေသခရီးစဉ် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ် ၅၀၀၀ စကောက်

မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်များသို့ အလည်ပတ်သွားရောက်သည့် နေ့ချင်းပြန်ခရီးစဉ်များအတွက် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ မြိတ်ကျွန်းစု ခရီးစဉ်ဒေသ တိုးတက်ဖို့ စမ်းသပ်ကာလအနေနဲ့ ကောက်နေတာပါ။ အသေးစိတ်ကတော့ ဒေသက သက်ဆိုင်ရာဌာနက စီမံခန့်ခွဲလိမ့်မယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

မြိတ်ကျွန်းစုပင်လယ်ပြင်ဒေသ ထားဝယ်၊ မြိတ်နှင့်ကော့သောင်းဒေသရှိ ကျွန်းစုများသို့ နေ့ချင်းပြန်ခရီးစဉ်များသို့ သွားရောက်လည်ပတ်ရာတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဇန်နဝါရီလမှစ၍ မတ်လကုန်အထိ စမ်းသပ်ကာလအဖြစ် ဇုန်ဝင်ကြေးများ ကောက်ခံမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက အသိပေးထားသည်။

“ ဇုန်ဝင်ကြေးက ဟိုတယ်ခရီးက ကောက်ပေမယ့် တိုင်းဒေသကြီးကို ဝင်ပါတယ်။ မတ်လပြီးရင် နောက်ထပ် ညွှန်ကြားချက်ထွက်လာပါလိမ့်မယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကော့သောင်းဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးကပြောဆိုသည်။

မြိတ်ကျွန်းစုဒေသသည် သဘာဝအတိုင်း မပျက်စီးသေးသည့်ခရီးစဉ်ဒေသများအနက်မှ တစ်ခုဖြစ်၍ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ နေ့ချင်းပြန်ခရီးစဉ်တစ်ခုလျှင် ကျပ်တစ်သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ မြိတ်ကျွန်းစုဒေသကို ခရီးသည်တွေသွားဖို့က ကုန်ကျတဲ့စရိတ်က လက်ရှိမှာ များပြားနေသေးတယ်။ နောက်ပြီး အဲဒီမှာလည်ပတ်ဖို့အတွက် လှေတွေ၊ ခရီးသည်တွေ တည်းခိုဖို့အတွက်နေရာတွေ စတဲ့ အခြေခံအဆောက်အအုံက ခရီးသွားကဏ္ဍမှာ လိုအပ်နေပါသေးတယ်”ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းအောင်က ပြောဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများသည် ထိုင်းနိုင်ငံသားပိုင် စက်တပ်ရွက်လှေများဖြင့် မြိတ်ကျွန်းစုဒေသများသို့ လာရောက်လည်ပတ်မှုပိုမိုများပြီး ကော့သောင်းခရိုင်ရှိ ခရင်းခွကျွန်း၊ သရဲကျွန်း၊ ကြက်မောက်ကျွန်း၊ လန်ပိကျွန်း၊ လှိုဏ်ဂူကျွန်းဒုံးရေတံခွန်၊ ဗိုလ်ချိုကျွန်း စသည့်ခရီးစဉ်များကို အဓိကထား လည်ပတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များအဆိုအရ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service