ရန်ကုန်မြို့အား စက်မှုဇုန်များဝိုင်းရံထားသည့် မြို့တစ်မြို့တည်ဆောက်သွားရန် စီစဉ်နေပြီး စက်ဝိုင်းပုံသဏ္ဌာန်မြို့ကြီးအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား - Property News in Myanmar from iMyanmarHouse.com
3285 Views

ရန်ကုန်မြို့အား စက်မှုဇုန်များဝိုင်းရံထားသည့် မြို့တစ်မြို့တည်ဆောက်သွားရန် စီစဉ်နေပြီး စက်ဝိုင်းပုံသဏ္ဌာန်မြို့ကြီးအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်မြို့အား စက်မှုဇုန်များဝိုင်းရံထားသည့် မြို့တစ်မြို့တည်ဆောက်သွားရန် စီစဉ်နေပြီး စက်ဝိုင်းပုံသဏ္ဌာန် မြို့ကြီးအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြုလုပ်သည့် ရန်ကုန်-ပြည်လမ်း (မှော်ဘီ-တိုက်ကြီးလမ်းပိုင်း) ၄၈ ပေ လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ ရန်ကုန်မြို့တော်ကြီးက ၃၃မြို့နယ်ရှိပါတယ်။ မြို့တော်ကြီးရဲ့ အဝန်းအဝိုင်းကို မြို့နယ် ၁၁ မြို့နယ်နဲ့ ဝိုင်းပတ်ထားတာဖြစ် ပါတယ်။ ရန်ကုန်တိုင်းက ၄၅ မြို့နယ်ရှိပါတယ်။ ၄၄ မြို့နယ်က ရန်ကုန်စည်ပင်သာယာ နယ်နမိတ်နဲ့ စည်ပင်သာယာနယ်နိမိတ်ပြင်ပ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ကိုကိုးကျွန်းကတော့ ဝေးလံခေါင်ပါးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒီ ၁၁ မြို့နယ်မှာ စက်မှုဇုန်များ ပေါ်ထွန်းပြီး ရန်ကုန်မြို့ကို စက်မှုဇုန်တွေ ဝိုင်းရံထားတဲ့ မြို့တစ်မြို့အနေနဲ့ တည်ဆောက်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တိုက်ကြီးမြို့က ဒီဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်လာမှာဖြစ်ပါတယ်။ မှော်ဘီဘက်မှာ ပိုမိုတိုးတက်လာတဲ့ အခြေအနေရှိပါတယ်။ လှည်းကူး၊ တစ်ဖက်ကနေ ခရမ်း၊ သုံးခွဘက်တွေအထိ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့က စက်ဝိုင်းပုံသဏ္ဌာန်မြို့ကြီးအဖြစ် ပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ကြောင့် မြို့ကြီးများကို လမ်းများဖြင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ငမိုးရိပ်ချောင်းမှတစ်ဆင့် ဒဂုံလေးမြို့နယ်၊ တောင်ဥက္ကလာပ၊ သာကေတ၊ ကြည့်မြင်တိုင်အပိုင်းများကို ဆက်စပ်နိုင်ရန် ကြိုးစားနေကြောင်း၊ ကြည့်မြင်တိုင်မှ ရန်ကုန်မြစ်တစ်ဖက်ကမ်းကို ဆက်သွယ်နိုင်ရန် ကြိုးစားနေကြောင်း၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းကြီး တည်ဆောက်ရန်ပြင်ဆင်နေသလို ရန်ကုန်မြို့လယ်ကောင်မှ ဒလဘက်အခြမ်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ သာကေတမှတစ်ဆင့် သန်လျင်ဘက်သို့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများလည်း ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မကြာခင်မှာ ရန်ကုန်မြို့လယ်ကောင်ကနေ ဒလဘက်ကို လွယ်ကူချောမွေ့စွာ သွားလာနိုင်တော့မှာ ဖြစ်တဲ့အပြင် ဒလဘက်ကမ်း ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ရပ်ကို တည်ဆောက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မြို့လယ်ကောင်ဆိပ်ကမ်းတွေကို ပင်လယ်ဘက် ရွှေ့သွားနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းပေါင်းတွေကို များစွာပေးပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ Yangon Investment Forum ကိုလည်း လာမယ့် ဧပြီ၊ မေလောက်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံသူတွေ ရန်ကုန်ကို ပိုမိုလာရောက်နိုင်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ နိုင်ငံတွင်းမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ အခွင့်အလမ်းကောင်းတွေ ရနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယခုကဲ့သို့ ဆောင်ရွက်မှုများအား ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ သက်သက်၊ ပုဂ္ဂလိကကဏ္ဍသက်သက်အနေဖြင့် ဆောင်ရွက်၍ မရနိုင်ကြောင်း၊ ရန်ကုန်မြို့အား ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်လာနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းမကြီးတွေရဲ့ အခြေအနေက အလွန်အရေးကြီးပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်-ပြည်လမ်း (မှော်ဘီ-တိုက်ကြီး လမ်းပိုင်း) ၄၈ ပေ လေးလမ်းသွား ကတ္တရာ ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များနှင့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Credit: Eleven Media Group

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service